www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 10, 2014

စိန်တစ်လုံးသရက်သီး ကို Diamond Mango အမှတ်တံဆိပ်ဖြင့် နိုင်ငံတကာသို့ ထိုးဖောက်နိုင်ရန် ကိုရီးယား KIPO နှင့် KIPA တို့မှ အကူအညီ ပေးမည်


မန္တလေး ၊ ၁၀-၁၂-၂၀၁၄

မြန်မာနိုင်ငံ မန္တလေးဒေသ ၏ နာမည်ကြီး စိန်တစ်လုံး သရက်သီးအား Diamond Mango အမှတ်တံဆိပ်ဖြင့် ကမ္ဘာက သိရှိနိုင်ရန်နှင့် နိုင်ငံတကာသို့ ထိုးဖောက်နိုင် ရန် သိပံ္ပနှင့် နည်းပညာ ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန် နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ် ရောင်းချသူများ အသင်းတို့ ပူးပေါင်း၍ Branding Strategy  ကို အသုံးပြုနိုင်ရန် ကိုရီးယား အသိဉာဏ် ပစ္စည်း မူပိုင်ခွင့်ရုံး KIPO (The Korean Intellectural Property-Office,kipo) ၊ KIPA (korea Invention Promotion Association) အသိဉာဏ် ပစ္စည်းဌာနတို့၏ အကူအညီဖြင့် ပြုလုပ်မည့် အကြောင်း စာနယ်ဇင်း ရှင်းလင်းပွဲကို ဒီဇင်ဘာ ၅ ရက် ၁ နာရီက မန္တလေး ချမ်းအေးသာစံ မြို့နယ်ရှိ SMART HOTEL တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အသင်း MFVP ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင် က နာမည်ကျော် စိန်တစ်လုံး သရက်သီးအား မှတ်ပုံတင်ရန် ခြေလှမ်းအစ ဖြစ်ကြောင်း၊ မြန်မာ့ သစ်ရက်သီး ကမ္ဘာက သိစေရန် မျှော်မှန်းထားကြောင်း၊ စိန်တစ်လုံး သရက်သီးသည် အချိုဓာတ် ၁၉ မှ ၁၃ ထိ ရှိကြောင်း၊ ရံဖန်ရံခါတွင် အချိုဓာတ် ၂၇ မှ ၂၈ ထိ ရှိသည်ကို တွေ့ရတတ် ပြီး ထူးခြားသော ရနံ့ကြောင့် ဖွက်ထား၍ မရသော အသီး ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် သိပံ္ပနှင့် နည်းပညာ ဝန်ကြီးဌာန၊ နည်းပညာ တက္ကသိုလ် (ကျောက်ဆည်) ဇီဝ နည်းပညာဌာန ပါမောက္ခ ဒေါက်တာ သန်းသန်းစိန် က သုတေသနပြု ထားရှိမှုနှင့် ကိုရီးယား KIPO နှင့် KIPA တာဝန်ရှိသူများ က ဆောင်ရွက်ပေးမည့် အပိုင်းများကို ရှင်းလင်း ပြောကြား ကြသည်။

မြန်မာ့စိန်တစ်လုံး သရက်သီးဟု ကမ္ဘာက သိရှိလာစေရန် Packing design logo design များကို သရက်သီး စိုက်ပျိုးထုတ်လုပ် သူများအား အသုံးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပ ပြုလုပ်ခြင်း ဖြစ်ပြီး သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန မှလည်း တာဝန်ယူ ရေးဆွဲလျက် ရှိသော အသိဉာဏ် ပစ္စည်း မူပိုင်ခွင့် ဥပဒေများ အနက် ကုန်အမှတ်တံဆိပ် ဥပဒေနှင့် စက်မှု ဒီဇိုင်း မူပိုင်ခွင့် ဥပဒေများမှ ကုန် အမှတ်တံဆိပ် အကာအကွယ် ပေးခြင်း၊ ဒီဇိုင်း အကာအကွယ် ပေးခြင်းအပြင် ပထဝီဆိုင်ရာ အညွှန်းဟု ခေါ်သော မိမိနိုင်ငံ၏ မူရင်းဒေသ ထွက်ကုန်များအား အကာအကွယ် ပေးခြင်းတို့ကို ရှင်းလင်း အသိပေးခြင်း တို့ဖြင့် မြန်မာ့ စိန်တစ်လုံး သရက်သီးသည် မြန်မာနိုင်ငံ အလယ်ပိုင်း ကျောက်ဆည်ခရိုင် မူရင်းဒေသ၏ ထွက်ကုန် အစစ်အမှန် ဖြစ်သည့်အပြင် အလွန်အရသာ ရှိပြီး Export Quality အဆင့်မီသော မြန်မာနိုင်ငံ၏ GI Product ဖြစ်သည့်အတွက် ၄င်းအား Branding Strategy ကို အသုံးပြု၍ ပြည်ပနိုင်ငံ များသို့ တင်ပို့ခြင်းဖြင့် မြန်မာနိုင်ငံရှိ သရက်သီး ထုတ်လုပ်သူများ အမှန်တကယ် အကျိုးအမြတ် ဖြစ်စေနိုင်ကြောင်း သိရသည်။ (၀၄၂)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger