www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 10, 2014

သံဖြူဇရပ် - ဘုရားသုံးဆူ ရထားခရီးစဉ်ကို ရေနွေးငွေ့စက်ခေါင်းဖြင့် လာမည့် ၂၀၁၅ -၂၀၁၆ ခရီးသွားရာသီတွင် ပြေးဆွဲနိုင်ရန် စီစဉ်လျက်ရှိ


ကျောက်ပန်းတောင်း - ပုဂံ၊ ပုဂံ - ကျောက်ပန်းတောင်း ခရီးစဉ် ပြေးဆွဲလျက်
ရှိသော ရေနွေးငွေ့စက်ခေါင်းသုံး မြန်မာ့မီးရထား



ရန်ကုန် ၊ ၁၀-၁၂-၂၀၁၄

သေမင်းတမန် ရထားလမ်း အဖြစ် နာမည်ကျော်ကြား ခဲ့သည့် သံဖြူဇရပ် - ဘုရားသုံးဆူ ရထားခရီးစဉ်ကို ရေနွေးငွေ့ စက်ခေါင်းဖြင့် လာမည့် ၂ဝ၁၅- ၂ဝ၁၆ ခရီးသွားရာသီတွင် ပြေးဆွဲနိုင်ရန် စီစဉ်နေကြောင်း ရထား ပို့ဆောင် ရေး ဝန်ကြီးဌာန မြန်မာ့မီးရထား မှ သိရသည်။

မြန်မာနိုင်ငံအတွင်း ကမ္ဘာလှည့် ခရီးသွားများ အတွက် ခရီးစဉ်သစ် များကို ရေးဆွဲ ဖော်ထုတ်လျက် ရှိရာ စိတ်ဝင်စားဖွယ် ခရီးစဉ်တစ်ခု အနေဖြင့် ဒုတိယကမ္ဘာစစ် အတွင်းက ဖောက်လုပ်ခဲ့သည့် သေမင်းတမန် ရထားလမ်းပိုင်း ကို ပြန်လည် ပြုပြင်ပြီး ရထားခရီးစဉ် ပြေးဆွဲသွားမည် ဖြစ်သည်ဟု သိရသည်။

၎င်းခရီးစဉ်တွင် ရေနွေးငွေ့ စက်ခေါင်းကို အသုံးပြုမည် ဖြစ်ရာ အဆိုပါ ရေနွေးငွေ့ စက်ခေါင်းဖြင့် ပြေးဆွဲသည့် ခရီးစဉ်သည် ဒုတိယမြောက် ရေနွေးငွေ့ စက်ခေါင်းဖြင့် ပြေးဆွဲသည့် ရထား ခရီးစဉ်လည်း ဖြစ်ကြောင်း သိရသည်။ ပထမဆုံး ရေနွေးငွေ့ စက်ခေါင်းသုံး ရထားခရီးစဉ်ကို ကျောက်ပန်းတောင်း - ပုဂံ ၊ ပုဂံ - ကျောက်ပန်းတောင်း ရထားခရီးစဉ်တွင် ပြေးဆွဲနေပြီး ယခု သံဖြူဇရပ် - ဘုရားသုံးဆူ ရထားခရီးစဉ် သည် ဒုတိယမြောက် ရေနွေးငွေ့ စက်ခေါင်းသုံး ရထားခရီးစဉ် တစ်ခုလည်း ဖြစ်မည်ဟု သိရသည်။

ရေနွေးငွေ့ စက်ခေါင်းများဖြင့် ရထားခရီးစဉ်များ ပြေးဆွဲခဲ့သော် လည်း ၂ဝဝ၇- ၂ဝဝ၈ ခုနှစ်တွင် ၄င်းရထား ခရီးစဉ်များကို ရပ်ဆိုင်း ခဲ့ကြောင်း သိရသည်။

ယခုပြေးဆွဲမည့် ရေနွေးငွေ့ စက်ခေါင်းသုံး ရထား ခရီးစဉ်သည် မြန်မာ့မီးရထား နှင့် ပုဂ္ဂလိကအဖွဲ့ အစည်းတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။ ကျောက်ပန်းတောင်း - ပုဂံ၊ ပုဂံ - ကျောက်ပန်းတောင်း ခရီးစဉ် ပြေးဆွဲရန် ဆောင်ရွက်စဉ် ကလည်း မြန်မာ့မီးရထား နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန် တင်ဒါ ခေါ်ယူခဲ့ရာ ကုမ္ပဏီသုံးခု လျှောက်ထား ခဲ့ကြောင်း သိရသည်။

ကျော်လွင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger