www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 10, 2014

ကြိုက်နှစ်သက်ရာ တက္ကသိုလ်သို့ ၀င်ခွင့်ဖြေဆိုပြီး တက်ရောက်နိုင်သော စနစ်သစ် စတင်မည်


ရန်ကုန် ၊ ၁၀-၁၂-၂၀၁၄

ယခင် တက္ကသိုလ်ဝင်တန်း အောင်စာရင်းဖြင့် ဆုံးဖြတ်ပြီးမှ တက္ကသိုလ် ဝင်ခွင့်ပေးသော စနစ်အစား မိမိနှစ်သက်ရာ တက္ကသိုလ်သို့ ဝင်ခွင့် စာမေးပွဲ ဖြေဆိုပြီး တက်ရောက် နိုင်သော စနစ်သစ်ကို လာမည့် ပညာသင်နှစ်တွင် စတင်ပြောင်းလဲ တော့မည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီ က နေပြည်တော် MICC ခန်းမ၌ ကျင်းပသော ကမ္ဘာ့ အမျိုးသမီးများ ဖိုရမ် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ယခုလက်ရှိ ရေးဆွဲနေသော အမျိုးသား ပညာရေး နည်းဥပဒေတွင် လည်း တက္ကသိုလ် ဝင်ခွင့် စာမေးပွဲစနစ် အပြောင်းအလဲကို ရှင်းလင်းစွာ ထည့်သွင်း ထားကြောင်း၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲစနစ် ပြောင်းမည့် တက္ကသိုလ်နှင့် တက္ကသိုလ် စာမေးပွဲ ရမှတ်အတိုင်း လက်ခံမည့် တက္ကသိုလ် အဖြစ် ခွဲခြားသွားဖွယ် ရှိကြောင်း နည်းဥပဒေ ရေးဆွဲရေး ကော်မတီမှ သိရသည်။

တက္ကသိုလ်ဝင်ခွင့်ကို စာမေးပွဲ သီးသန့် ဖြေဆိုသောစနစ် ပြောင်းလဲပါက အချို့ တက္ကသိုလ်များတွင် ဝန်ထမ်းအင်အား လိုအပ်ချက် ရှိခြင်းကြောင့် တက္ကသိုလ် အားလုံး တစ်ပြိုင်နက်တည်း ပြောင်းလဲရန် မလွယ်ကူကြောင်း ပညာရေး အသိုင်းအဝိုင်းမှ သိရသည်။

ယင်းအပြင် အမျိုးသား ပညာရေး ဥပဒေတွင် သက်ဆိုင်ရာ တက္ကသိုလ်ဝင်ခွင့် သတ်မှတ်ချက် အတိုင်း ကိုက်ညီပါက တက်ရောက်ခွင့် ရှိကြောင်း ပြဋ္ဌာန်းထားသည်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲစနစ်ပုံစံ အတည် မဖြစ်သေး သော်လည်း အမျိုးသား ပညာရေး ဥပဒေနှင့် အကျုံးဝင်သော တက္ကသိုလ်များသည် လာမည့်ငါးနှစ် အတွင်း ယင်း စနစ်အတိုင်း ပြုပြင်ရမည် ဖြစ်ကြောင်း အဆိုပါ ဥပဒေတွင် ထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။
(၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger