www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 12, 2014

ယာဉ်လမ်းကြောင်း ရှုပ်ထွေးမှုလျော့ကျစေပြီး လမ်းဘေးဈေးသည် များအား နေရာပေးနိုင်ရေး ဈေးရုံများ အဆင့်မြှင့်တင်မှု ပြုလုပ်မည်


ရန်ကုန် ၊ ၁၂-၁၂-၂၀၁၄

ရန်ကုန်မြို့၌ ယာဉ်ကြော ပိတ်ဆို့မှုများ ဖြေရှင်းရာတွင် လမ်းဘေး ဈေးသည်များအား ဖယ်ရှားခြင်းသည် နည်းလမ်း တစ်ရပ် ဖြစ်သည်။ ထိုသို့ လမ်းဘေး ဈေးသည်များအား ဖယ်ရှား ရှင်းလင်းရာတွင် ၄င်းတို့၏ စီးပွားရေး ထိခိုက် နစ်နာမှုများ မရှိစေရေး အတွက် ဈေးရုံများကို အဆင့် မြှင့်တင်၍ နေရာပေးရန် စီစဉ်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။

အခွန်လွတ်ဈေး အပါအဝင် လမ်းဘေး ဈေးသည်များ အတွက် ဈေးရုံများကို အသစ်ပြန်လည် မွမ်းမံခြင်းနှင့် နှစ်ထပ် တည်ဆောက်ခြင်း များပြုလုပ်ကာ နေရာ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ လမ်းဘေး ဈေးသည်များအား နေရာစီစဉ် ပေးခြင်းဖြင့် လက်ရှိဖြစ်ပွား နေသည့် လမ်းပိတ်ဆို့မှု များကို အထိုက် အလျောက် လျော့ကျသွား စေနိုင်ကြောင်း၊ လက်ရှိ ရန်ကုန်မြို့၌ အခွန် လွတ်ဈေးများ အပါအဝင် ဈေးပေါင်း ၁၇၃ ခုရှိပြီး ဈေးရုံများကို ၂ဝ၁၅- ၂ဝ၁၆ ဘတ်ဂျက်အရ မြန်မာငွေကျပ် ၁ဝ ဘီလီယံ ကျော် အသုံးပြု၍ ဈေးသစ်များ အဖြစ် ပြန်လည်မွမ်းမံ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာနှစ် တွင် ရန်ကုန်မြို့ရှိ အခြေခံ လူတန်းစားများ နေထိုင်သည့် မြို့နယ်များ၌ ပျံကျဈေး ရုံသစ်များ တည်ဆောက် ခဲ့သောကြောင့် အသား၊ ငါးနှင့် ဟင်းသီး ဟင်းရွက်များ ဝယ်ယူရာတွင် ပိုမို လွယ်ကူစွာ ဝယ်ယူနိုင် ခဲ့ကြောင်း သိရသည်။

အဆိုပါ ဘဏ္ဍာနှစ် အတွင်း ဈေးသစ်များ တည်ဆောက် ပေးသည့်အပြင် ရှိပြီးသား ဈေးဟောင်းများ ကိုလည်း အကြီးစား ပြုပြင်မှုများ လုပ်ဆောင် ပေးခဲ့ကြောင်း၊ ပျံကျဈေးသစ် များကို အခြေခံ လူတန်းစားများ အများဆုံး နေထိုင်သည့် လှိုင်သာယာ၊ အင်းစိန်၊ ရွှေပြည်သာ၊ ဒဂုံ (ဆိပ်ကမ်း)၊ ဒေါပုံ၊ သာကေတ၊ သင်္ဃန်းကျွန်း နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တို့၌ တည်ဆောက် ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ အတွင်းရှိ ဈေးများကို နှစ်စဉ် ပြုပြင်ခြင်း၊ အဆင့် မြှင့်တင်ခြင်း နှင့် ဈေးရုံသစ် တည်ဆောက် ခြင်းများ  ပြုလုပ်ရာတွင် ၂ဝ၁၂- ၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ဈေးပေါင်း ၃ဝ ပြုပြင်ရန် ငွေကျပ်သိန်း ၁၂ဝဝ သုံးစွဲခဲ့ပြီး ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ဈေး၅ဝ ခန့် အဆင့်မြှင့် တင်ရန် ငွေကျပ် သိန်း ၅ဝဝဝ ကျော် သုံးစွဲခဲ့ကြောင်း သိရသည်။(၄၄၈)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger