www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 12, 2014

ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများ မိမိနိုင်ငံသို့ တရားဝင်လမ်းကြောင်း မှ ငွေလွှဲနိုင်ရေး ဆောင်ရွက်ပေးမည်


ရန်ကုန် ၊ ၁၂-၁၂-၂၀၁၄

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင် နေကြသော မြန်မာလုပ်သားများ မိမိနိုင်ငံသို့ ငွေလွှဲပို့ရာတွင် တရားဝင် လမ်းကြောင်းမှ နစ်နာမှု မရှိဘဲ ပို့ပေးနိုင်ရန် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ သိရသည်။

ထိုင်းနိုင်ငံ၌ သွားရောက် အလုပ်လုပ်ကိုင် နေကြသော မြန်မာ ရွှေ့ပြောင်း လုပ်သားအများစု ၏ မိသားစုများထံ ငွေလွှဲပို့ရာတွင် လုံခြုံစိတ်ချပြီး လျင်မြန်ချောမွေ့ စေရန် ပြည်ပငွေလွှဲ လုပ်ငန်းကို အစိုးရမှ ၂ဝ၁၂ ခုနှစ်တွင် စတင် ဆောင်ရွက် ခွင့်ပြုခဲ့ သော်လည်း လက်ရှိအချိန် အထိ ပုဂ္ဂလိက ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူများ ဖြင့်သာ ပို့ပေးလျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD) နှင့်ထိုင်းနိုင်ငံ Karsikorn Bank ( K Bank ) တို့သည် ထိုင်းနိုင်ငံ၌ တရားဝင် သွားရောက် အလုပ်လုပ်ကိုင် နေသော မြန်မာနိုင်ငံသား များအတွက် ငွေလွှဲ လုပ်ငန်းကို ဇွန် ၁ ရက်မှစတင် ဝန်ဆောင်မှု ပေးခဲ့သည်။

ထိုသို့ ငွေလွှဲရာတွင် လွှဲမည့်သူ၏ ပတ်စ်ပို့နံပါတ် သို့မဟုတ် အလုပ်သမား မှတ်ပုံတင်နံပါတ် လိုအပ်ပြီး တစ်ရက်လျှင် အမေရိကန် ဒေါ်လာ ၃ဝဝဝ အထိ ငွေလွှဲနိုင်သည်။ ငွေလွှဲခမှာ ဘတ်ငွေ ၂ဝဝ ( မြန်မာ ငွေကျပ်၆ဝဝဝ ) ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ တရားဝင် လက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာ ရွှေ့ပြောင်း လုပ်သားများသည် ဘဏ်နှင့် ဆက်သွယ်ရန် သိရှိသူ နည်းပါးသောကြောင့် ပွဲစားများ နှင့်သာ လွှဲပေး နေကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger