www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 24, 2014

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် သင်တန်း အမှတ်စဉ်(၁၂) သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအားသို့ တက်ရောက်ချီးမြှင့်


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် သင်တန်း အမှတ်စဉ်(၁၂) သင်တန်းဆင်း 
ဂုဏ်ပြု ညစာစားပွဲ အခမ်းအားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော် ၊ ၂၄-၁၂-၂၀၁၄


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်သင်တန်း အမှတ်စဉ်(၁၂) 
သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားတွင် ကျောင်းဆင်း သူနာပြု များအား 
တစ်ဦးချင်း ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် သင်တန်း အမှတ်စဉ်(၁၂) သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့၊ တပ်မတော် ဆေးတက္ကသိုလ် ၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။

အဆိုပါ သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ တပ်မတော ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီး များနှင့် ဇနီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် ကျောင်းအုပ်ကြီး နှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်း သူနာပြုများနှင့် ၄င်းတို့၏ မိဘဆွေမျိုးများ တက်ရောက် ကြသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကျောင်းဆင်း သူနာပြုများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ပြီး အားပေးစကား ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောင်းဆင်း သူနာပြုများ၊ မိဘဆွေမျိုးများ နှင့်အတူ ညစာ သုံးဆောင်ကြသည်။


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်သင်တန်း အမှတ်စဉ်(၁၂) သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားတွင် မြ၀တီအငြိမ့်အဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှု အားပေးစဉ်


သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင် ခန်းမဆောင်၌ မြဝတီ တေးဂီတအဖွဲ့နှင့် အငြိမ့်အဖွဲ့တို့၏ ဖျော်ဖြေ တင်ဆက်မှု များကို ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရှိရသည်။(၁၀၀)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger