www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 2, 2014

မြန်မာ့တပ်မတော် (ရေ)မှ စစ်ရေယာဉ် မဟာဗန္ဓုလ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံ များသို့ ချစ်ကြည်ရေး ခရီးသွားရောက်ရာမှ ပြန်လည်ရောက်ရှိ


ချစ်ကြည်ရေးခရီး မှ ပြန်ရောက်လာသော မြန်မာ့တပ်မတော်(ရေ)
စစ်ရေယာဉ် မဟာဗန္ဓုလ

နေပြည်တော် ၊ ၂-၁၂-၂၀၁၄

ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံ များသို့ ချစ်ကြည်ရေးခရီး သွားရောက် လည်ပတ်ခဲ့သော မြန်မာ့ တပ်မတော်(ရေ)မှ ဗိုလ်မှူးချုပ် ဌေးနိုင် ဦးဆောင်သော စစ်ရေယာဉ် မဟာဗန္ဓုလ သည် ယမန်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်မြို့နယ် ရှိ အမှတ်(၃) ရေတပ် ဆိပ်ခံတံတားသို့ ပြန်လည် ရောက်ရှိလာရာ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်ဦးလွင်၊ တပ်မတော်(ရေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ နှင့် မိသားစုများက ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ် မဟာဗန္ဓုလ သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံမှ နိုဝင်ဘာ ၁ဝ ရက်တွင် ချစ်ကြည်ရေးခရီး စတင် ထွက်ခွာခဲ့ပြီး ထိုင်းနိုင်ငံ၊ ဖူးခက်မြို့နှင့် Chuk Samed အမှတ်(၄) ဆိပ်ခံ တံတားများ သို့ ရောက်ရှိ လှည့်လည် ကြည့်ရှု လေ့လာကြကာ ထိုင်းနိုင်ငံ ရေတပ် မှ အရာရှိ၊ စစ်သည်များ နှင့် ချစ်ကြည်ရေး အားကစား ပြိုင်ပွဲများ ယှဉ်ပြိုင် ကစားခဲ့ကြသည်။

ထို့နောက် စစ်ရေယာဉ် မဟာဗန္ဓုလ သည် ထိုင်းနိုင်ငံ၊ Chuk Samed ဆိပ်ကမ်းမှ ပြန်လည် ထွက်ခွာပြီး စင်ကာပူနိုင်ငံ Berth No 8, Changi Naval Base ဆိပ်ခံတံတား သို့ ရောက်ရှိ၍ စင်ကာပူ ရေတပ်မှ စစ်သည်များနှင့် ချစ်ကြည်ရေး အားကစားပြိုင်ပွဲ များ ယှဉ်ပြိုင် ကစားကြကာ စင်ကာပူမြို့တွင်း နှင့် MIDC ကျောင်းသို့ လှည့်လည် ကြည့်ရှု လေ့လာခဲ့ ကြကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger