www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 12, 2014

အမေရိကန် ဒေါ်လာ ၂ ဒသမ ၃ မီလီယံ ရမည့် စင်ကာပူနိုင်ငံထုတ် ထီလက်မှတ်များ မုံရွာမြို့တွင် တရားမ၀င် ကံစမ်းနေ


မုံရွာ ၊ ၁၂-၁၂-၂၀၁၄

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ပေါ်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၃ မီလီယံ ရရှိမည့် စင်ကာပူနိုင်ငံထုတ် ထီလက်မှတ် များကို တရားမဝင် ဝယ်ယူကံစမ်း နေကြကြောင်း နိုင်ငံခြား ထီဝါသနာရှင် တစ်ဦးထံမှ သိရသည်။

''ထီလက်မှတ် ကတော့ အမေရိကန် ဒေါ်လာနဲ့ ထိုးမယ်ဆိုခဲ့ရင် တစ်စောင်ကို သုံးဒေါ်လာ ဖြစ်ပါတယ်။ မြန်မာငွေနဲ့ ထိုးရင်တော့ တစ်စောင်ကို လေးဒေါ်လာစာ ပေးရတယ် .. '' ဟု အဆိုပါ ထီကို လစဉ်ကံစမ်းလေ့ ရှိသူ မုံရွာဒေသခံ တစ်ဦးက ပြောပြသည်။ အမေရိကန် ဒေါ်လာ၂ ဒသမ ၃ မီလီယံ ရရှိမည့် အဆိုပါထီသည် SINGAPORE SWEEP ဟု ခေါ်ကြောင်း သိရသည်။ အဆိုပါထီ၏ ပေါက်မဲအကြီး ဆုငွေမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ မီလီယံ ဖြစ်သည်။ ထိုမျှမက ဆုမဲအဖြစ် ဒေါ်လာ သုံးသိန်းဆု၊ ဒေါ်လာ တစ်သောင်းဆု၊ ဒေါ်လာ ငါးထောင်ဆု အထိ ပါဝင်ကြောင်း အဆိုပါ ထီလက်မှတ်များ ပေါ်၌ ဖော်ပြပါရှိချက် များအရ သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ပေါ်တွင် အောင်ဘာလေ သိန်းဆုဌာန၏ ထီလက်မှတ် အရောင်း ကိုယ်စားလှယ်များ အများအပြား ရှိခဲ့သော်လည်း ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်၍ အဆိုပါ အောင်ဘာလေထီ လက်မှတ် အရောင်း ကိုယ်စားလှယ်များ ထီလက်မှတ်များ ရောင်းအားကျဆင်း ခဲ့သည့် အတွက် အချို့ ထီလက်မှတ် အရောင်း ကိုယ်စားလှယ် များမှာ ထီလက်မှတ် တစ်စောင်လျှင် ငွေကျပ်တစ်ရာ ဖြင့် အရှုံးခံ ရောင်းချပေးခဲ့ ရသည့် အခြေအနေ ရောက်ရှိခဲ့ ကြောင်း သိရသည်။ (၁၅၄)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger