www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 4, 2014

ရန်ကုန် နှင့် မန္တလေး အပြည်ပြည် ဆိုင်ရာလေဆိပ် များတွင် လေကြောင်းထိန်း ဝေဟင်စနစ် ကို နိုင်ငံတကာ လေဆိပ်များနည်းတူ အဆင့်မြှင့်တင် သွားမည်



ရန်ကုန် ၊ ၄-၁၁-၂၀၁၄

မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ လေယာဉ်ကြီးများ ဆင်းသက်မှု တိုးတက်များပြား လာလျက်ရှိရာ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့၏ လေကြောင်းထိန်း ဝေဟင်စနစ် များကို နိုင်ငံတကာ လေဆိပ်များ နည်းတူ အဆင့်မြှင့်တင် သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်နှင့် မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် တို့၌ Performance Based Navigation Implementation ကို လေဆိပ် လေကြောင်းထိန်း ဝေဟင်တွင် PBN Navigation Specification Area Navigation (RNAV) ဖြင့် လေယာဉ် ချဉ်းကပ် လမ်းကြောင်း၊ လေယာဉ် လေဆိပ်မှ ထွက်ခွာ လမ်းကြောင်း များကို သတ်မှတ်ကာ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ လေယာဉ်များ နှင့် ခေတ်မီ လေယာဉ်များ ဆင်းသက်မှု များပြားသည့် ပြည်တွင်းရှိ လေဆိပ် ၁၅ ခုကိုလည်း ဂျပန်နိုင်ငံမှ နည်းပညာ အထောက်အပံ့ဖြင့် ၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ လေးနှစ် စီမံကိန်း PBN Implementation အဆင့်မြှင့်တင် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်ရာတွင် နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်လည်း စီမံကိန်းအတွင်း ပါဝင်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းလေဆိပ် များတွင် ဆင်းသက်လျက် ရှိသည့် လေကြောင်းလိုင်း များရှိ A320 ၊ B737-NG နှင့် ATR72-600 မျိုးဆက် လေယာဉ်များတွင် ခေတ်မီလေယာဉ် ပျံသန်းမှု ကိရိယာများ ပါရှိသည့် အတွက် အဆိုပါ လေယာဉ်များအား လေကြောင်းထိန်း ဝန်ဆောင်မှု နှင့် လမ်းညွှန် ထိန်းကျောင်းမှု ပြုလုပ်နိုင်ရန် လေကြောင်း လမ်းညွှန် ကိရိယာများ ခေတ်မီ တိုးတက်ရန် လုပ်ဆောင် ပေးရခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ လေဆိပ်များ၌ နိုင်ငံတကာ နည်းစနစ်များ အသုံးပြုခြင်း ကြောင့် လေကြောင်း ပျံသန်းမှုများ နှင့် လေယာဉ် ဆင်းသက်မှု များအား ဘေးအန္တရာယ် ကင်းရှင်းပြီး စွမ်းဆောင်ရည် ပြည့်ဝစွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

လေဆိပ်များ၌ PBN Implementation များဖြင့် ဆောင်ရွက်ခြင်း များကြောင့် လေယာဉ်ကွင်း ဝန်းကျင်၌ ရာသီဥတု ဆိုးရွားချိန် များတွင် ပြေးလမ်းသို့ တိကျစွာ ဆင်းသက်နိုင်ရန် အထောက်အကူ ဖြစ်စေ နိုင်မည် ဖြစ်သည့် အပြင် လေယာဉ် ပျံသန်းမှု များကို လမ်းညွှန် ရာတွင်လည်း တိကျစွာ လုပ်ဆောင် ပေးသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။ (၄၄၈)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger