www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, November 16, 2014

တင်ဒါ အောင်မြင်ထားသည့် ကုမ္ပဏီများ ပန်းလှိုင်မြစ်ကြောင်း အတွင်း လုပ်ငန်းများ စတင်လုပ်ကိုင်


ရန်ကုန် ၊ ၁၆-၁၁-၂၀၁၄

ပန်းလှိုင်မြစ် ပြန်လည် တူးဖော်ရေး လုပ်ငန်းများ အတွက် တင်ဒါအောင်မြင် ထားသည့် ပြည်တွင်း ကုမ္ပဏီများ အနေဖြင့် လက်ရှိ အချိန်တွင် မိမိတို့ တူးဖော် လုပ်ဆောင် ရမည့် လုပ်ကွက်များသို့ သွားရောက်ကာ မြေနေရာများ လေ့လာခြင်း နှင့် စက်ယန္တရားများ ရွှေ့ပြောင်းခြင်း လုပ်ငန်းများ စတင်လုပ်ကိုင် နေပြီ ဖြစ်ကြောင်း သိရသည်။

ပန်းလှိုင်မြစ် ပြန်လည် တူးဖော်ရေး အတွက် နောက်ဆုံးအဆင့် တင်ဒါ ရွေးချယ်မှု များကို အောက်တိုဘာ နောက်ဆုံးပတ် တွင် အပြီးသတ် ပြုလုပ်ခဲ့ရာ ပြည်တွင်းမှ ကုမ္ပဏီ ခုနစ်ခုက လုပ်ကိုင်ခွင့် ရရှိထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ တင်ဒါ ခေါ်ယူမှုကို အောက်တိုဘာ ပထမပတ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီ ၃၇ ခုပါဝင်ခဲ့ရာ ထိုအထဲမှ ကုမ္ပဏီ ခုနစ်ခုကို အပြီးသတ် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ တင်ဒါ အောင်မြင် သွားသည့် ကုမ္ပဏီများမှာ Alliance Star ကုမ္ပဏီ၊ မုဒုံမောင်မောင် ကုမ္ပဏီ၊ သီဟမင်းဆွေ ကုမ္ပဏီ၊ မြတ်အိနြေ္ဒ ကုမ္ပဏီ၊ Dragon Power ကုမ္ပဏီ၊ ထိုက်စင် ကုမ္ပဏီ နှင့် Max Myanmar ကုမ္ပဏီတို့ ဖြစ်ကြောင်း သိရသည်။

တင်ဒါ ရရှိထားသည့် ပြည်တွင်း ကုမ္ပဏီများ အနေဖြင့် မိမိတို့ လုပ်ကိုင် ဆောင်ရွက်ခွင့် ရရှိထားသည့် နေရာများတွင် သောင်တူးစက် များ အပါအဝင် အခြားသော စက်ယန္တရား များဖြင့်လည်း တူးဖော်နိုင် မှသာ သတ်မှတ် ပေးထားသည့် အချိန် အတိုင်းအတာ တွင် ပြီးစီးအောင် လုပ်ဆောင် နိုင်မည် ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပန်းလှိုင်မြစ်၏ အရှည်မှာ ၃၄ မိုင် ရှိသည့်အတွက် အပိုင်းလိုက် ကန့်၍ လုပ်ကိုင်ခွင့် ရရှိထားသည့် ကုမ္ပဏီများအား လုပ်ကွက် ချထားပေး ရခြင်း ဖြစ်ကြောင်း၊ မြစ်ကြောင်း ပြန်လည် တူးဖော်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာန အနေဖြင့် ဝိုင်းဝန်းကူညီ တူးဖော်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။ ယခုနှစ် အတွင်းမှစ၍ ပန်းလှိုင်မြစ် တူးဖော်ရေးအား ရန်ကုန်တိုင်း ဒေသကြီး အစိုးရမှ ငွေကျပ် သန်းပေါင်း ၂၅ ဘီလီယံ နီးပါး အသုံးပြုခွင့် ပေးခဲ့ပြီး ဆည်မြောင်းဦးစီး ဌာနမှ ကြီးကြပ်ကာ ပုဂ္ဂလိက လုပ်ငန်းရှင် များနှင့် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ပန်းလှိုင်မြစ် အနေအထားမှာ ယခင်နှင့် မတူတော့သည့် အတွက် မြေအနက်ကို ၂၁ ပေ သတ်မှတ်ထားပြီး အချို့နေရာ များတွင် အနက် ၁၈ ပေ လောက်သာ တူးဖော်ရမည် ဖြစ်သည်။ ထို့အပြင် ပန်းလှိုင်မြစ်နှင့် လှိုင်မြစ် ဆုံသော နေရာတွင် အကြီးစား ရေထိန်းတံခါး တစ်ခုကိုပါ တစ်ပြိုင်နက် တည်ဆောက် ရန်အတွက် နယ်သာလန် နိုင်ငံမှ ပညာရှင် များအား ဖိတ်ခေါ်ကာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၄၄၈)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger