www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 20, 2014

မြန်မာတစ်နိုင်ငံလုံး ၌ ၂၀၁၄ ခုနှစ် အောက်တိုဘာလအထိ ဟိုတယ် ၊ တည်းခိုရိပ်သား ၁၀၇၆ လုံး နှင့် အခန်းပေါင်း ၄၂၀၃၇ ခန်းအထိရှိ


ရန်ကုန်မြို့ ရှိ STRAND HOTEL

ရန်ကုန် ၊ ၂၀-၁၁-၂၀၁၄

၂ဝ၁၄ ခုနှစ် အောက်တိုဘာလ အထိ မြန်မာ တစ်နိုင်ငံလုံး ၌ ဟိုတယ် နှင့် တည်းခို ရိပ်သာပေါင်း ၁ဝ၇၆ လုံးနှင့် အခန်းပေါင်း ၄၂ဝ၃၇ ခန်းအထိ ရှိသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။

၂ဝ၁၃ ခုနှစ်တွင် တစ်နိုင်ငံလုံး ၌ ဟိုတယ် နှင့် တည်းခို ရိပ်သာပေါင်း ၉၂၃ လုံးနှင့် အခန်းပေါင်း ၃၄၈၃၄ ခန်းရှိရာ ၂ဝ၁၄ ခုနှစ် ၁ဝ လတာ ကာလအတွင်း ဟိုတယ်နှင့် တည်းခိုရိပ်သာ အသစ် ၁၅၃ လုံး ဖွင့်လှစ်ခဲ့ကာ အခန်းပေါင်း ၇၂ဝ၃ ခန်းခန့် တိုးမြင့် လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နှစ်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီး များ၌ ရန်ကုန်တိုင်း ဒေသကြီး သည် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၂၃၂ လုံးနှင့် အခန်းပေါင်း တစ်သောင်းကျော် ဖြင့် ဟိုတယ် အလုံးရေ အများဆုံး ဖြစ်သော်လည်း ယခုနှစ်တွင် မန္တလေးတိုင်း ဒေသကြီး၌ ဟိုတယ် နှင့် တည်းခိုရိပ်သာ အများဆုံး ရှိလာသည်။

ယခုနှစ်တွင် မန္တလေးတိုင်း ဒေသကြီး၌ ဟိုတယ်နှင့် တည်းခိုရိပ်သာ ပေါင်း ၃၂၉ လုံးနှင့် အခန်းပေါင်း ၁၄ဝဝဝ ကျော်အထိ ရှိလာပြီး ရန်ကုန်တိုင်း ဒေသကြီး ၌ ဟိုတယ် နှင့် တည်းခိုရိပ်သာ ၂၇၉ လုံးနှင့် အခန်းပေါင်း ၁၂၇၉၄ ခန်း ရှိကြောင်း သိရသည်။

ဟိုတယ်များ ဖွင့်လှစ်မှု များပြားသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် ရှမ်းပြည်နယ်၌ ဟိုတယ် အလုံး ၂ဝဝ နှင့် အခန်းပေါင်း ၆၁၈၂ ခန်း၊ ဧရာဝတီတိုင်း ဒေသကြီး၌ ဟိုတယ် ၅၄ လုံးနှင့် အခန်းပေါင်း ၂၂၅၄ ခန်း၊ ပဲခူးတိုင်း ဒေသကြီး၌ ဟိုတယ် ၄၂ လုံးနှင့် အခန်းပေါင်း ၁၁၃၄ ခန်းရှိကြောင်း သိရသည်။ တစ်နိုင်ငံလုံးရှိ ဟိုတယ်များ၌ ပြည်တွင်း ဟိုတယ် ၁၁၂၄ လုံးနှင့် အခန်းပေါင်း ၃၆၆၅၂ ခန်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ် ၂၆ လုံးနှင့် ၃၉၃၈ ခန်း၊ ပြည်တွင်း ပြည်ပ ဖက်စပ်ဟိုတယ် ငါးလုံး၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနပိုင် ဟိုတယ်အလုံး ၂ဝ တို့ရှိသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်များမှာ ရန်ကုန်၌ ဟိုတယ် ၂၁ လုံးနှင့် အခန်းပေါင်း ၃၁၄၇ ခန်း၊ မန္တလေးတိုင်း ဒေသကြီး၌ ဟိုတယ် လေးလုံး နှင့် အခန်းပေါင်း ၆၆၁ ခန်း၊ ပုဂံ၌ ဟိုတယ်တစ်လုံး၊ တာချီလိတ် ၌ ဟိုတယ် သုံးလုံး၊ ကော့သောင်း နှင့် မြိတ်၌ ဟိုတယ် သုံးလုံး တို့ဖြစ်သည်။ ယခုနှစ် အောက်တိုဘာ လကုန်ပိုင်း အထိ နိုင်ငံခြား ခရီးသွား ဧည့်သည် ၂ ဒသမ ၄ သန်း ကျော် ဝင်ရောက် လာခဲ့ပြီး ယခင်နှစ်ထက် နိုင်ငံခြား ခရီးသွား ဧည့်သည် ရှစ်သိန်းကျော် ပိုမိုများပြား ခဲ့ကြောင်း သိရသည်။ (၄၄၈)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger