www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 12, 2014

စားသုံးဆီနှင့် အစားအသောက်များကို ငါးရက်မှ ခုနစ်ရက်အတွင်း ဓာတ်ခွဲစမ်းသပ်ပေးမည်



ရန်ကုန် ၊ ၁၂-၁၁-၂၀၁၄

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ကျန်းမာရေးဌာန ဓာတ်ခွဲခန်း၌ အစားအသောက် နှင့် ပတ်သက်၍ လည်းကောင်း၊ စားသုံးဆီများတွင် လည်းကောင်း ပါဝင်သော ဆိုးဆေးများနှင့် ပတ်သက်၍ ဓာတ်ခွဲ စမ်းသပ်နိုင်ကြောင်း သိရသည်။ ယင်းသို့ စားသုံးဆီ များကို ဓာတ်ခွဲစမ်းသပ် ရာတွင် ခုနစ်ရက်၊ အစားအသောက် များကို ဓာတ်ခွဲ စမ်းသပ်ရာတွင် ငါးရက်တာ အတွင်း အဖြေရရှိမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ကျန်းမာရေးဌာနမှ သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ကျန်းမာရေးဌာန ဓာတ်ခွဲခန်း၌ အစားအသောက်၊ စားသုံးဆီနှင့် ပတ်သက်၍ စက်ရုံများမှ ထုတ်လုပ် ရောင်းချ နေသော ဆီအမျိုးမျိုး၊ လက်ကားဆိုင် များမှ ရောင်းချသော ဆီအမျိုးမျိုး၊ စားသောက်ဆိုင် များတွင် သုံးစွဲနေသော ဆီများနှင့် အကြိမ်ကြိမ် ပြန်ကြော်ဆီ များကို ကျန်းမာရေး ဌာန ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲ စစ်ဆေးသည့် စက်ဖြင့် ဆီ အရည်အသွေး အမျိုးအစား နှင့် စားသုံးရန် သင့်၊ မသင့် စစ်ဆေးခြင်း များကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယင်းသို့ စားသုံးဆီနှင့် ပတ်သက်၍ စစ်ဆေးရာတွင် ဆီနမူနာ တစ်လီတာဝင် နှစ်ပုလင်း ပေးပို့၍ စစ်ဆေးနိုင်ပြီး ဓာတ်ခွဲ စမ်းသပ်မှု အဖြေကို ခုနစ်ရက် အတွင်း ရရှိနိုင်ကြောင်း အစားအစာ များကို စစ်ဆေးရာတွင် အစားအစာ နမူနာများကို ပလတ်စတစ် အိတ်ထဲသို့ သန့်ရှင်းစွာ ထည့်၍ ဓာတ်ခွဲခန်းသို့ နှစ်နာရီအတွင်း ပေးပို့ စစ်ဆေးနိုင်ပြီး ဓာတ်ခွဲ စမ်းသပ်မှု အဖြေကို ငါးရက်အတွင်း ရရှိနိုင်ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ဆီစစ်ဆေးမှု အတွက် ဝန်ဆောင်ခ ငွေကျပ် ၃ဝဝဝဝ၊ ထောက်ခံချက် ကတ်ပြား အတွက် ငွေကျပ် ၅ဝဝ နှင့် ဆိုးဆေးများ အတွက် စစ်ဆေးခ ငွေကျပ် ၁ဝဝဝဝ၊ ထောက်ခံချက် ကတ်ပြားအတွက် ငွေကျပ် ၅ဝဝ နှုန်းဖြင့် စစ်ဆေး ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ ထို့အပြင် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ကျန်းမာရေးဌာန ဓာတ်ခွဲခန်းတွင် ခဲဆိပ်သင့် အန္တရာယ် ရှိနိုင်သည့် ဘက်ထရီ လုပ်ငန်း၊ ဆေးမှုတ် လုပ်ငန်း၊ အလှကုန်နှင့် ဓာတုပစ္စည်း ဆိုင်များမှ ဝန်ထမ်းများ ခဲအဆိပ် သင့်မှု ရှိ၊ မရှိ စစ်ဆေးပေးလျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ကျန်းမာရေး ဌာနမှ သိရသည်။

ဇာညီသစ္စာ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger