www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 18, 2014

ပဲတီစိမ်း ၊ ရော်ဘာစိမ်း ၊ ငါးမျိုးစုံ နှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုလျော့ကျ၍ ကုန်သွယ်မှု လိုငွေပြ


ရန်ကုန် ၊ ၁၈-၁၁-၂၀၁၄

၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာရေးနှစ် အောက်တိုဘာလ အတွင်းရှိ ပို့ကုန်နှင့် သွင်းကုန်များ အလိုက် ပို့ကုန်ပစ္စည်း များမှာ အမေရိကန် ဒေါ်လာ ၂၂၅ ဒသမ ၂၇၄ သန်းနှင့် သွင်းကုန် တင်သွင်းနိုင်မှု အမေရိကန် ဒေါ်လာ ၂၇၈ ဒသမ ၂ဝ၁ သန်းဖြစ်ခဲ့ပြီး ကုန်သွယ်မှု စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ သန်းပေါင်း ၅ဝ၃ ဒသမ ၄၇၅ ရှိခဲ့ကြောင်း ကုန်သွယ်မှု မှတ်တမ်းများအရ သိရသည်။

သို့သော်လည်း ပဲတီစိမ်း၊ နှမ်း၊ ရော်ဘာစိမ်း၊ ငါးမျိုးစုံ နှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုမှာ ယခုနှစ်အတွင်း လျော့ကျခဲ့သဖြင့် ကုန်သွယ်မှု လိုငွေမှာ အမေရိကန် ဒေါ်လာ ၅၂ ဒသမ ၉၂၇ သန်း အထိ ရှိခဲ့ကြောင်း သိရသည်။

ပြည်ပပို့ကုန် ပစ္စည်းများတွင် အဓိကအားဖြင့် လယ်ယာထွက် ပစ္စည်း ၊ တိရစ္ဆာန်ထွက် ပစ္စည်း ၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ စက်မှုကုန်ချော နှင့် အခြားပစ္စည်းတို့ ပါဝင်ပြီး သတ္တုတွင်းထွက် တင်ပို့မှုမှာ ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာရေးနှစ် တွင် နိုင်ငံပိုင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၉၃ ဒသမ ၉၈၂ သန်း၊ ပုဂ္ဂလိကမှ အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၆၇ ဒသမ ၄၆၇ သန်းရှိခဲ့ပြီး ယခုနှစ်တွင် နိုင်ငံပိုင် အမေရိကန် ဒေါ်လာ ၆၄၃ ဒသမ ၃၇၁ သန်း၊ ပုဂ္ဂလိကမှ အမေရိကန် ဒေါ်လာ ၂၃ဝ ဒသမ ၄၃ သန်း ရှိခဲ့ကာ နိုင်ငံပိုင် အနေဖြင့် အမေရိကန် ဒေါ်လာ သန်းပေါင်း ၅ဝ ကျော် လျော့ကျ ခဲ့ကြောင်း မှတ်တမ်းများ အရ သိရသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ပဲတီစိမ်း၊ နှမ်း၊ ရော်ဘာစိမ်း၊ ငါးမျိုးစုံ တို့ကို နိုင်ငံတကာသို့ တင်ပို့နိုင်မှု လျော့ကျခဲ့ပြီး ကုန်သွယ်မှုတွင် လည်း လိုငွေများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ အထူးသဖြင့် အိန္ဒိယမှ ပဲတီစိမ်း ဝယ်ယူမှု လျော့ကျခြင်း နှင့် တရုတ်နိုင်ငံမှ ရော်ဘာစိမ်း ဝယ်ယူမှု လျော့ကျခြင်း တို့သည် နိုင်ငံ၏ ပို့ကုန်ပမာဏ လျော့ကျ လာရခြင်း အကြောင်းရင်း များတွင် ပါဝင်ကြောင်း သိရပြီး စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ ၂ဝ၁၄- ၂ဝ၁၅ ခုနှစ် အောက်တိုဘာ လကုန်အထိ ပို့ကုန်မှာ အမေရိကန် ဒေါ်လာ ၆၁၅၆ ဒသမ ၆၆၈ သန်း၊ သွင်းကုန် တင်သွင်းနိုင်မှု ၉၂၉၅ ဒသမ ၆၈၁ သန်းရှိပြီး စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ ၁၅၄၅၂ ဒသမ ၃၄၉ သန်း ရှိကြောင်း မှတ်တမ်းများ အရ သိရသည်။(၁၇၂)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger