www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 3, 2014

ဘဏ်တွင် စပေါ်ငွေတရားဝင် တင်ထားကြောင်း ပြသနိုင်မှသာ ပဲရောင်းသူနှင့်ဝယ်သူကြား ကြိုရောင်း ကြိုဝယ် ပြုလုပ်ခွင့်ရရှိမည်



ရန်ကုန် ၊ ၃-၁၀-၂၀၁၄

ဘုရင့်နောင် ပြည်ပပို့ကုန် ပဲကုန်စည်ဒိုင် တွင် ရောင်းသူနှင့် ဝယ်သူအကြား ကြိုရောင်း၊ ကြိုဝယ် ပြုလုပ်လျှင် အာမခံချက် ရှိစေရန် ဘဏ်တွင် စပေါ်ငွေ တရားဝင် တင်ထားကြောင်း ပြသနိုင်မှသာ ရောင်းဝယ်ခွင့် ရရှိမည် ဖြစ်ပြီး အဆိုပါ စနစ်အား ယခုလမှ စတင်ကျင့်သုံး သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းတင်ပို့ ရောင်းချသူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''အခု ကုန်စည်ဒိုင် မှာတော့ နောက်တစ်လ အတွင်း လောက်မှာ အကောင် အထည်ဖော် မှာပါ။ ရောင်းသူနဲ့ ဝယ်သူ ကြိုရောင်း၊ ကြိုဝယ် လုပ်မယ်ဆိုရင် ရောင်းသူရော ဝယ်သူပါ ၁ဝ ရာခိုင်နှုန်း အာမခံကြေး အရင် တင်မယ်၊ ပြီးမှ အရောင်းအဝယ် လုပ်ခွင့် ပေးမယ်။ ကျန်တာကတော့ လက်ငင်း အရောင်းအဝယ် ပဲရှိမယ်။ ယခုလပိုင်းမှာ ဖြစ်ဖို့များ ပါတယ်။ အာမခံ ငွေကြေး တင်ထားတဲ့ အတွက် တစ်စုံတစ်ရာ ထွက်ပြေး တိမ်းရှောင်တဲ့ အနေအထား မဖြစ်အောင် တားဆီးပြီးသား ဖြစ်သွားမှာပါ ...'' ဟု မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့် နှမ်းတင်ပို့ ရောင်းချသူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန် ပြည်ပပို့ကုန် ပဲရောင်းဝယ်ရေး ဈေးကွက်တွင် စက်တင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ပဲကုန်သည် တစ်ဦးက တန်ချိန် ၅ဝဝဝ နီးပါးရှိ မိမိ ဝယ်ယူထားသည့် ပဲများကို လာရောက် ထုတ်ယူခြင်း မရှိသည့် အပြင် ပဲဖိုး ကုန်ကျငွေ ကိုလည်း မပေးဘဲ တိမ်းရှောင် ခဲ့ကြောင်း သိရသည်။ အလားတူ ပြည်တွင်း ပဲရောင်းဝယ်ရေး ဈေးကွက် တွင်လည်း အမှန်တကယ် ငွေမပေးချေဘဲ ကြိုရောင်း၊ ကြိုဝယ် ပြဿနာ များကြောင့် အဆိုပါ ဖြစ်ရပ်များ မကြာခဏ ဖြစ်ပေါ် နေကြောင်း သိရသည်။

ထို့အပြင် ပဲလောကတွင် ၂ဝဝ၈ ခုနှစ်နှင့် ပြီးခဲ့သည့် နှစ်များ အတွင်းက ငွေကျပ် ဘီလီယံပေါင်း များစွာ လိမ်လည်မှုများ ပေါ်ပေါက်ခဲ့သည့် အတွက် ယင်း အဖြစ်မျိုး မဖြစ်ပေါ် စေရန်၊ ပဲမျိုးစုံ ကြိုတင် ရောင်းဝယ်ခြင်းများ မပြုလုပ်ကြရန် သက်ဆိုင်ရာမှ သတိပေး ထားကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပဲများ ပြည်ပ တင်ပို့မှု အနေဖြင့် ဧပြီလ မှ စက်တင်ဘာ တတိယပတ် အထိ တန်ချိန် ၅၉ဝဝဝဝ ရှိပြီး ပြီးခဲ့သည့်နှစ် နှင့် နှိုင်းယှဉ်လျှင် တန်ချိန် ၅ဝဝဝဝ နီးပါး ကျဆင်း သွားကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန၏ တရားဝင် ထုတ်ပြန် ထားသည့် စာရင်းများ အရ သိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger