www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 16, 2014

ဂျပန်ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံ မြို့ကြီး သုံးမြို့တွင် ကျင်းပမည်


ရန်ကုန် ၊ ၁၆-၁၀-၂၀၁၄

ဂျပန်ရုပ်ရှင် ပွဲတော်ကို မြန်မာနိုင်ငံ၌ ရန်ကုန်၊ တောင်ကြီး နှင့် မန္တလေးမြို့ တို့တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံး နှင့် ဂျပန် ဖောင်ဒေးရှင်း တို့ ပူးပေါင်း ဆောင်ရွက်သည့် ဂျပန် ရုပ်ရှင်ပွဲတော် ကို ရှမ်းပြည်နယ် တောင်ကြီး၊ ရန်ကုန် နှင့် မန္တလေးမြို့ တို့တွင် ကျင်းပ ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။

အောက်တိုဘာ ၃ဝ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ တောင်ကြီးမြို့ ရှိ ဗန္ဓုလ ရုပ်ရှင်ရုံ၊ နိုဝင်ဘာ ၂၁ ရက်မှ ၂၃ ရက် အထိ ရန်ကုန်မြို့ရှိ နေပြည်တော် ရုပ်ရှင်ရုံ၊ ဒီဇင်ဘာ ၁၉ ရက်မှ ၂၁ ရက် အထိ မန္တလေးမြို့ရှိ ဝင်းလိုက် ရုပ်ရှင်ရုံ တို့တွင် ဂျပန်ရုပ်ရှင် ဇာတ်ကား များကို အင်္ဂလိပ် နှင့် မြန်မာ စာတန်းထိုးပြီး ပြသမည် ဖြစ်ကြောင်း သိရသည်။ 

မြန်မာ-ဂျပန် နှစ်နိုင်ငံ သံတမန် ဆက်ဆံမှုကို ၁၉၅၄ ခုနှစ်တွင် စတင်ခဲ့ပြီး ယခု ၂ဝ၁၄ ခုနှစ်တွင် နှစ် ၆ဝ ပြည့်မည် ဖြစ်ကြောင်း သိရသည်။

ဂျပန်နီပွန် ဖောင်ဒေးရှင်း သည် မြန်မာနိုင်ငံ တွင် ကျောင်းများ ဆောက်လုပ် ပေးရေး စီမံကိန်း၊ ဝေးလံသော ဒေသများတွင် နေထိုင်သူ များကို ပရဆေးပင် စိုက်ပျိုး နည်းများ သင်ကြား ပေးပြီး ပရဆေး ထုတ်လုပ်ရေး စီမံကိန်း အပါအဝင် အမေရိကန် ဒေါ်လာ ၄၁ သန်းခန့် တန်ဖိုးရှိသည့် စီမံကိန်း ပေါင်း ၃၃ ခုကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger