www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 16, 2014

အများပိုင် လမ်းမကြီးပေါ်တွင် ကိုယ်ပိုင်ကားပါကင်ကွင်း ပြုလုပ်ထားသဖြင့် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပေါ်



မုံရွာ ၊ ၁၆-၁၀-၂၀၁၄

မကြာခဏ ယာဉ်တိုက်မှုများ ဖြစ်ပွားလေ့ ရှိသည့် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ ဒေါနခြံ ရပ်ကွက် သာစည်လမ်း မီးပွိုင့်၏ မြောက်ဘက် ရွှေတော်ဝင် ပုဂ္ဂလိက ဆေးရုံအနီး ဝန်းကျင် အများပိုင် ပြည်ထောင်စု အဝေးပြေး လမ်းမကြီး၏ လမ်းနယ် နိမိတ်ကို ကျူးကျော်၍ ကိုယ်ပိုင် ကားပါကင်များ ပြုလုပ် ထားသဖြင့် ယာဉ် အသုံးပြု၍ ခရီးသွား သူများအား စိတ် အနှောင့်အယှက် များ ဖြစ်ပေါ် နေရသည်ဟု သိရသည်။

အဆိုပါ ကိုယ်ပိုင် ကားပါကင်ကွင်း ပြုလုပ် ထားသည့် နေရာသည် မုံရွာမြို့၏ အဓိက ယာဉ် အသွားအလာ များပြားသော ပြည်ထောင်စု လမ်းမကြီး ပေါ်တွင် ဖြစ်သည်။ ထိုနေရာသည် ရွှေတော်ဝင် ပုဂ္ဂလိက ဆေးရုံနှင့် မီးရထား သံလမ်းအကြား နေရာ ဖြစ်သည်။ ထိုနေရာရှိ အခြေအနေ မှာ ပြည်ထောင်စုလမ်း နှင့် ရထားလမ်း အကြားနေရာ တွင် လမ်းနယ်မြေ ကျူးကျော် ဈေးဆိုင်များ ရှိသည်။ တစ်ဖက် ယာဉ်ကြော နေရာ ဈေးဆိုင်များ နှင့် မျက်နှာချင်းဆိုင် နေရာတွင် လမ်းပြောင်းပြန် များ ရပ်တန့် ထားသည့် ကိုယ်ပိုင်ကား ပါကင်ကွင်း တစ်ခု ပြုလုပ် ထားခြင်း ဖြစ်သည်။ 

ထို့ကြောင့် ယာဉ် အသုံးပြု၍ ခရီးသွားလာ သူများအဖို့ အဆိုပါ နေရာသို့ ရောက်လျှင်အထူး သတိပြု သွားလာ နေကြရသည်။ အဆိုပါ ပြည်ထောင်စု လမ်းမကြီး ၏ လမ်းနယ်မြေ ဧရိယာ အကျယ်အဝန်း မှာ ယာဉ် အသုံးပြုသူများ အဖို့ လမ်းကြောင်း အကျယ်အဝန်း လုံလောက်မှု ရှိသော်လည်း လမ်းနယ်မြေ ကျူးကျော် ဈေးဆိုင်များ နှင့် ကိုယ်ပိုင် ကားပါကင်ကွင်း များကြောင့် မကြာခဏ ယာဉ်များ ရှုပ်ထွေးကာ ယာဉ်တိုက်မှုများ ဖြစ်ပေါ်နေရခြင်း ဖြစ်သည်။

တစ်နေ့တခြား ယာဉ် အသုံးပြုသူ များပြားလာသည့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်၍ စက်တင်ဘာ ၃ဝ ရက်အထိ ကိုးလတာ ကာလအတွင်း ယာဉ်တိုက်မှု ပေါင်း ၁ဝ၅ဝ၊ ဒဏ်ရာ ရရှိသူ ၁၉၈၇ ဦးနှင့် သေဆုံးသူ ဦးရေ ၂၉ဝ ရှိခဲ့ကြောင်း အမှတ်(၁၄) ယာဉ်ထိန်းတပ်ဖွဲ့ မုံရွာ ဒုတိယ တပ်ဖွဲ့ခွဲမှူးရုံး ၏ မှတ်တမ်းများ အရ သိရသည်။ (၁၅၄)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger