www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 2, 2014

ရန်ကုန်မြို့ပတ် လျှပ်စစ်ရထားစီမံကိန်း ၂ဝ၁၆ ခုနှစ်တွင်စတင်၍ ၂ဝ၂ဝ - ၂ဝ၂၁ ခုနှစ်တွင် အပြီးသတ်ရန် လျာထား


ဂျပန်နိုင်ငံမှ လျှပ်စစ်ရထား တစ်စီးကို တွေ့ရစဉ်

ရန်ကုန် ၊ ၂-၁၀-၂၀၁၄

ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံမှ ချေးငွေများဖြင့် အမေရိကန် ဒေါ်လာ ၂ ဘီလီယံ အကုန်အကျခံ တည်ဆောက်မည့် ရန်ကုန်မြို့ပတ် လျှပ်စစ်ရထား စီမံကိန်းကို ၂ဝ၁၆ ခုနှစ်တွင် စတင်၍ ၂ဝ၂ဝ- ၂ဝ၂၁ ခုနှစ်တွင် အပြီးသတ်ရန်လျာထားကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေး က ပြောသည်။

အဆိုပါ စီမံကိန်းကို ၂ဝ၁၆ ခုနှစ်တွင် စတင် အကောင် အထည်ဖော် ဆောင်ရွက်မည် ဖြစ်ပြီး ရန်ကုန်မြို့ပတ် လျှပ်စစ်ရထား စီမံကိန်း အတွက် ဂျပန်နိုင်ငံ နှင့် တောင်ကိုရီးယား နိုင်ငံတို့မှ ချေးငွေ ရယူပြီး အမေရိကန် ဒေါ်လာ ၂ ဘီလီယံ အကုန်အကျခံ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လျှပ်စစ် ရထားများ ဖြတ်သန်း နိုင်ရန်အတွက် လာမည့် ဘဏ္ဍာနှစ် အတွင်း ရထား သံလမ်းကူး ခုံးကျော်တံတား ၁၁ စင်းကို အဆင့် မြှင့်တင်၍ ပြန်လည် တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ရထား ပြေးဆွဲရေး အစီအစဉ်သည် မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုး တိုးတက်မှု မဟာဗျူဟာ စီမံကိန်း၏ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ တွင်ပါဝင်ပြီး အဆိုပါ စီမံကိန်းတွင် လျှပ်စစ် ရထား စီမံကိန်း အပြင် အခြား စီမံကိန်းများကိုလည်း ထည့်သွင်း ရေးဆွဲ ထားကြောင်း သိရသည်။

လျှပ်စစ်ရထား စီမံကိန်းကို အမြန်ဆုံး စတင် အကောင် အထည်ဖော် ဆောင်ရွက်ရန် အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်း အပြင် ရထားလမ်းပိုင်း အဆင့် မြှင့်တင်မှုနှင့် လက်ရှိ အသုံးပြု နေသည့် ရထား သံလမ်းကူး ခုံးကျော် တံတားများ ကိုပါ အဆင့် မြှင့်တင်ပြီး ပြန်လည် တည်ဆောက် ရမည့် လိုအပ်ချက်များ ရှိနေသည့် အတွက် စီမံကိန်း ကာလကို ၂ဝ၁၆ ခုနှစ်မှ စတင်ပြီး ၂ဝ၂ဝ -၂ဝ၂၁ ခုနှစ်တွင် အပြီးသတ် ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။ (၄၄၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger