www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 1, 2014

၂၀၁၄-၂၀၁၅ ပညာသင်နှစ် BBM, BA (EPP), BA (Tourism) နှင့် BA (Journalism) ပထမနှစ်သင်တန်းများ အတွက် လျှောက်လွှာခေါ်ယူမည်



ရန်ကုန် ၊ ၁-၁၀-၂၀၁၄

အမျိုးသား စီမံခန့်ခွဲမှု ပညာကောလိပ် တွင် Bachelor of Business Management (BBM) ၊ Bachelor of Arts ( English for Professional Purposes) BA(EPP) ၊ Bachelor of Arts ( Tourism) ၊ Bachelor of Journalism BA(Journalism) ဘွဲ့ သင်တန်းများကို အချိန်ပြည့် သင်တန်းအဖြစ် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

ဘွဲ့သင်တန်းများကို ဒီဇင်ဘာ ပထမပတ်တွင် ဖွင့်လှစ်သွားမည် ဖြစ်ပြီး လျှောက်လွှာ လက်ခံမည့် ရက်မှာ စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ ဖြစ်သည်။ ၀င်ခွင့် ရရှိသူများ စာရင်းကို နိုဝင်ဘာ ၁၉ ရက်တွင် ကြေညာပေးရန် လျာထားကြောင်း သိရသည်။

အဆိုပါ ဘွဲ့သင်တန်းများ အတွက် ၂၀၁၄ ခုနှစ် တက္ကသိုလ် ၀င်တန်း စာမေးပွဲကို အောင်မြင်သူ များသာ လျှောက်ထားနိုင်ပြီး BBM နှင့် BA(EPP) အတွက် စုစုပေါင်း အမှတ် ၄၄၀ နှင့် အထက် ၊ BA(Tourism) အတွက် အောက်မြန်မာပြည် စာစစ်ဌာန မှ ဖြေဆို အောင်မြင်သူ များသာ လျှောက်ထားနိုင်ပြီး အင်္ဂလိပ်စာ ဘာသာရပ်တွင် အနည်းဆုံး အမှတ် ၆၀ ရရှိကာ စုစုပေါင်း ရမှတ် ၄၀၀ နှင့်အထက် ရရှိသူများ ၊ BA(Journalism) အတွက် စုစုပေါင်း ရမှတ် ၄၀၀ နှင့်အထက် ရရှိသူများ လျှောက်ထား နိုင်ကြောင်း သိရသည်။

လျှောက်ထားသူသည် ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်ရမည် ဖြစ်ပြီး တက္ကသိုလ် ၀င်ခွင့် စာမေးပွဲတွင် ရရှိသော ရမှတ်စာရင်း ၊ လျှောက်ထားသူ နှင့် မိဘနှစ်ပါး စလုံး၏ နိုင်ငံသား စိစစ်ရေးကတ်ပြား မိတ္တူ ၊ အကျင့် စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရဲစခန်း နှင့် ကျေးရွာ ရပ်ကွက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၏ ထောက်ခံချက် များ (မူရင်း) လိုင်စင် ဓာတ်ပုံ နှစ်ပုံ တို့ကို ပူးတွဲ တင်ပြရမည် ဖြစ်သည်။

ဝင်ခွင့် ရရှိသူများ စာရင်းကို အဆင့်မြင့် ပညာ ဦးစီးဌာန ၊ အောက်မြန်မာပြည် ၊ သထုံလမ်း နှင့် အမျိုးသား စီမံခန့်ခွဲမှု ပညာကောလိပ် တို့တွင် ကြေညာ ထားမည် ဖြစ်သည်။ ၀င်ခွင့် ရရှိသူများ ကျောင်းလာရောက် အပ်နှံသည့် အခါ ကျောင်းသား နှင့် မိဘနှစ်ပါး စလုံး၏ နိုင်ငံသား စိစစ်ရေးကတ်ပြား မူရင်းများကို မပျက်မကွက် ယူဆောင် လာရမည် ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက အမျိုးသား စီမံခန့်ခွဲမှု ပညာ ကောလိပ် ဖုန်း ၀၁- ၂၉၂ ၅၆၆ ၊ ၀၁- ၂၉၉၀၈၈ လိုင်းခွဲ ၂၁၅ ၊ ၂၀၈ ၊ ၂၀၀ ၆၃၉ တို့သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger