www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 18, 2014

တောင်တက်သမားနှစ်ဦး ရှာဖွေရေးတွင် ထိုင်းရဟတ်ယာဉ်များ နှင့် အမေရိကန် တောင်တက်သမားများ ရရှိရန် စီစဉ်နေ


ရန်ကုန် ၊ ၁၈-၉-၂၀၁၄

ခါကာဘိုရာဇီ တောင်တက် ခရီးစဉ်အတွင်း ပျောက်ဆုံး နေသည့် တောင်တက်သမား နှစ်ဦးကို ရှာဖွေ ကယ်တင်မှုတွင် အမေရိကန် နိုင်ငံ တောင်တက်သမား များနှင့် ထိုင်းနိုင်ငံမှ ရဟတ်ယာဉ် ရရှိရေး အတွက် ထူးကုမ္ပဏီ က စီစဉ် နေကြောင်း တက္ကသိုလ် ခြေလျင်နှင့် တောင်တက် အသင်း (သဘာဝ ခေါ်သံ ဖောင်ဒေးရှင်း အဖွဲ့) မှ သိရသည်။

''လက်ရှိ ဂန်လန်ရာဇီ တောင်ထိပ်ကို တက်ရောက် အောင်မြင် ထားတဲ့သူ လေးဦးကို မြန်မာနိုင်ငံ ကို လာရောက်ပြီး ဝိုင်းဝန်း ကူညီ ဆောင်ရွက် ပေးဖို့ ဆက်သွယ် နေတယ်လို့လဲ သိရပါတယ်။ ဒါ့ပြင် အမြင့်ပေ နှစ်သောင်းခန့် ပျံသန်းနိုင်တဲ့ ထိုင်းနိုင်ငံက ရဟတ်ယာဉ်နဲ့ ရဟတ်ယာဉ် မောင်းသူကိုလဲ ဆက်သွယ် ထားတယ်'' ဟု တက္ကသိုလ် ခြေလျင်နှင့် တောင်တက်အသင်း (သဘာဝခေါ်သံ ဖောင်ဒေးရှင်း အဖွဲ့) မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ 

ကယ်ဆယ်ရေး အတွက် အမေရိကန် တောင်တက်သမား လေးဦးကို အကူအညီ တောင်းထားပြီး အမြင့်ပေ နှစ်သောင်းထိ ပျံသန်းနိုင်မည့် ထိုင်းနိုင်ငံက ရဟတ်ယာဉ် ဖြင့် ရှာဖွေနိုင်ရန် အတွက်လည်း ထူးကုမ္ပဏီ က စီစဉ်နေကြောင်း သိရသည်။ ပျောက်ဆုံး တောင်တက်သမား များကို ကူညီရှာဖွေ ပေးမည့် တရုတ်နိုင်ငံ Blue Sky တောင်တက်အဖွဲ့က မြန်မာနိုင်ငံ ဘက်ခြမ်းမှ ရေခဲတောင်ကို တက်ရောက် ရှာဖွေရန် အခက်အခဲ ရှိနေသည့် အတွက် တရုတ်နိုင်ငံ တိဗက် ပြည်နယ်မှ ဒေသခံများနှင့် ပူးပေါင်းပြီး ရှာဖွေရန် စီစဉ် နေကြောင်းလည်း သိရသည်။

တက္ကသိုလ် ခြေလျင်နှင့် တောင်တက်အသင်း (သဘာဝခေါ်သံ ဖောင်ဒေးရှင်း အဖွဲ့) မှ ကိုအောင်မြင့်မြတ် နှင့် ကိုဝေယံမင်းသူ တို့နှစ်ဦးသည် ခါကာဘိုရာဇီ ရေခဲတောင်ကို သြဂုတ် ၃၁ ရက်က တက်ရောက် ခဲ့ပြီး ပြန်အဆင်းတွင် အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံး နေသည်မှာ ၁၆ ရက် ရှိပြီဖြစ်ကြောင်း လည်း သိရသည်။ ခါကာဘိုရာဇီ တောင်တက်ရင်း ပျောက်ဆုံးနေသည့် တောင်တက်သမား နှစ်ဦးကို ကယ်တင်ရန် သဘာဝခေါ်သံ ဖောင်ဒေးရှင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တရုတ်နိုင်ငံ Blue Sky ကယ်ဆယ်ရေး အဖွဲ့၊ နည်းပညာပိုင်း ပံ့ပိုးရန် မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက် အဖွဲ့ချုပ်၊ ဂျပန် တောင်တက် အဖွဲ့တစ်ဖွဲ့တို့
ပူးပေါင်း ဆောင်ရွက်လျက် ရှိပြီး အမေရိကန် တောင်တက်အဖွဲ့ နှင့် ထိုင်းနိုင်ငံက ကယ်ဆယ်ရေး ရဟတ်ယာဉ် တို့ ပူးပေါင်း ပါဝင်လာဖွယ် ရှိကြောင်း သိရှိရသည်။

ဆက်စပ်သတင်း

http://themyawadydaily.blogspot.com/2014/09/blog-post_180.html

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger