www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 17, 2014

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် ၀င်ရောက်ယှဉ်ပြိုင်ရန် မီးပုံပျံများ စတင်ပြုလုပ်



တောင်ကြီး ၊ ၁၇-၉-၂၀၁၄

နှစ်စဉ် ကျင်းပမြဲ ဖြစ်သည့် ရှမ်းပြည်နယ် တောင်ကြီး တန်ဆောင်တိုင် ပွဲတော်တွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ညမီးကြီး၊ စိန်နားပန် မီးပုံးပျံများ စတင်ပြုလုပ်လျက် ရှိကြောင်း သိရသည်။

မီးပုံးပျံများ ပြုလုပ်ရာတွင် ခေါင်အချင်း ၂၄ပေ၊ နံထောင် ၂၂ ပေမှ ၂၃ ပေ၊ ဒွါရပေါက် ခြောက်ပေခွဲမှ ခုနစ်ပေ ထိရှိပြီး မီးစာမှာ ခုနစ်ပေမှ ရှစ်ပေအထိ ပြုလုပ်ကာ ညမီးကြီး တစ်လုံးလျှင် နှစ်လခန့် အချိန်ယူ ပြုလုပ်ကြ ရသည်။

ထို့သို့ ပြုလုပ်ရာတွင် မီးပုံးပျံများ ပေါ်တွင် မြတ်စွာဘုရား ပုံတော်များ၊ ပန်းကနုတ်များ၊ (၅၅ဝ) နိပါတ်တော်ပုံ များကို အမျိုးမျိုး ပန်းချီဆွဲ အလှဖော် ဆောင်ရွက် ကြသည်။

ညမီးကြီး တစ်လုံးတွင် ယမ်းခွေ၊ မီးစာ၊ မီးပုံး အပါ အလေးချိန် ၃၅ ပိဿာ မှ ၄ဝ ပိဿာအထိ ခန့်မှန်း ပြုလုပ် ရပြီး ရှမ်းစက္ကူ များဖြင့် တစ်ချပ်ချင်း ကော်ကပ် ပုံဖော် ဆောင်ရွက်ပြီး မီးပုံးပျံ တစ်လုံးလျှင် ရှမ်းစက္ကူ အချပ်ရေ ၁၃ဝဝ မှ ၁၅ဝဝ ခန့်ထိ သုံးစွဲပြီး ယခုနှစ် ရှမ်းစက္ကူ ဈေးနှုန်းမှာ တစ်ချပ်လျှင် ငွေကျပ် ၂ဝဝ နှုန်း ရှိသဖြင့် မီးပုံးပျံ တစ်လုံး ၏ ကုန်ကျမှု စရိတ်မှာ ငွေကျပ်၂၅ သိန်းမှ သိန်း ၃ဝ အထိ ကုန်ကျကြောင်း နှင့် နှစ်စဉ် ညမီးကြီး၊ စိန်နားပန်၊ နေ့လွှတ် အရုပ်မျိုးစုံ ၄ဝဝ မှ ၅ဝဝ အထိ လွှတ်တင် ယှဉ်ပြိုင် ကြကြောင်း မီးပုံး ပျံ ပြုလုပ် ယှဉ်ပြိုင်သူ တစ်ဦးထံမှ သိရသည်။ (၄ဝ၅)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger