www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 14, 2014

အပြည်ပြည်ဆိုင်ရာ နယ်လ်ဆင်မန်ဒဲလားနေ့ အထိမ်းအမှတ် ရုပ်ရှင်နှင့် ဂီတဖျော်ဖြေပွဲ ကျင်းပမည်



ရန်ကုန် ၊ ၁၄-၇-၂၀၁၄

ကွယ်လွန် သွားခဲ့ပြီဖြစ်သည့် နယ်လ်ဆင် မန်ဒဲလား သက်ရှိ ထင်ရှားရှိစဉ် အခါက ရပ်တည် လုပ်ဆောင်ချက် များနှင့် လိုက်နာ ကျင့်သုံးခဲ့မှု များအပေါ် အောက်မေ့ သတိရခြင်း အားဖြင့် ကမ္ဘာတစ်ဝန်း ၌ ကျင်းပသည့် အပြည်ပြည် ဆိုင်ရာ နယ်လ်ဆင် မန်ဒဲလားနေ့ အထိမ်းအမှတ် အခမ်းအနား အဖြစ် ရုပ်ရှင် နှင့် ဂီတ ဖျော်ဖြေပွဲ ကို လာမည့် ဇူလိုင်လ ၁၈ ရက်တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ပြင်သစ် ယဉ်ကျေးမှု ဌာန၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အပြည်ပြည် ဆိုင်ရာ နယ်လ်ဆင် မန်ဒဲလားနေ့ ရုပ်ရှင် နှင့် ဂီတ ဖျော်ဖြေပွဲ သည် ၀င်ကြေး အခမဲ့ ကျင်းပခြင်း ဖြစ်သည့်အတွက် စိတ်ပါ ၀င်စားသူ မည်သူမဆို တက်ရောက် နိုင်ကြောင်း သိရသည်။

ရုပ်ရှင်ပြပွဲကို ဇူလိုင်လ ၁၈ ရက် ညနေ ၆ နာရီမှ ၈ နာရီအထိ ပြသမည် ဖြစ်ပြီး ဂီတ ဖျော်ဖြေပွဲကို ည ၈ နာရီခွဲမှ ည ၁၁ နာရီအထိ ကျင်းပမည် ဖြစ်သည်။ ရုပ်ရှင် ပြပွဲတွင် နယ်လ်ဆင် မန်ဒဲလား ၏ သမိုင်း အကျဉ်းကို ၁၀ မိနစ်စာ ရိုက်ကူး ထားသည့် What is Mandela Day ? နှင့် One Woman One Camera Program ( OWOC ) မှတ်တမ်း ရုပ်ရှင် ၊ ဒါရိုက်တာ နှင်းနန္ဒာအောင် နှင့် Cherry တို့ ရိုက်ကူး ထားသည့် Grandma, My Daughter, My Mother is Single, Sound of Silence အစရှိသည့် လူငယ် ဒါရိုက်တာများ ရိုက်ကူး ထားသည့် မှတ်တမ်း ရုပ်ရှင်ကား များကို ပြသမည် ဖြစ်ကြောင်း သိရှိရသည်။

ယောသူလေး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger