Myanmar Mini-Saloon
ရန်ကုန် ၊ ၁၄-၇-၂၀၁၄
ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ စက်မှုဇုန်ထုတ် ကားများ အပ်နှံခွင့် ပေးရာတွင် မြန်မာ မီနီဆလွန်း ကားများ မပါဝင်ကြောင်း သိရသည်။
ယင်းကဲ့သို့ စက်မှုဇုန်ထုတ် ကားဟောင်းများ အပ်နှံပြီး အစားထိုးယာဉ် ပြန်လည် တင်သွင်းခွင့် ပေးရာတွင် CIF တန်ဖိုး အမေရိကန် ဒေါ်လာ ၁၅၀၀၀ နှင့်အောက် ကားများ ကိုသာ တင်သွင်းခွင့်ပြု မည်ဖြစ်ပြီး ကညန အခွန် ၂၀ ရာခိုင်နှုန်း လျှော့ပေးမည် ဖြစ်ကြောင်း သိရသည်။
စက်မှုဇုန် ကားများကို အပ်နှံခွင့် ပေးရာတွင် မော်ဒယ်လ် ကန့်သတ်ချက် မထားဘဲ သက်တမ်းတိုး ၅ နှစ်ပြတ် မဟုတ်သည့် ကားမှန်သမျှ ကို အပ်နှံခွင့် ပေးသွားမည် ဖြစ်သော်လည်း စက်မှုဇုန် ထုတ်ကားများ ထဲတွင် မြန်မာ မီနီဆလွန်း ကားများ မပါဝင် သေးကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
" စက်မှုဇုန်ထုတ် ကားတွေ အပ်နှံခွင့် ပေးလိုက်ပေမယ့် မြန်မာမီနီ ဆလွန်းကား တွေ မပါသေး ပါဘူး ၊ ဒါပေမယ့် သဘာဝ ဘေးအန္တရာယ် ကြောင့်ပဲ ဖြစ်ဖြစ် ၊ တိုက်ခိုက်မှု ကြောင့်ပဲ ဖြစ်ဖြစ် လမ်းပေါ်မှာ လုံခြုံ စိတ်ချစွာ မောင်းနှင်လို့ မရတော့ဘူး ဆိုရင် ပိုင်ရှင် ဆန္ဒအရ အပ်နှံချင်ရင်ပဲ ဖြစ်ဖြစ် အပ်နှံခွင့် ပေးကောင်း ပေးနိုင်မှာ ဖြစ်ပါတယ် .... " ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့ကြောင်း သိရှိရသည်။
မျိုးမြင့်ဇော်
#Themyawadydaily






No comments:
Post a Comment