www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, July 26, 2014

အိမ်နီးချင်း နိုင်ငံများ၏ စီးပွားရေး လူမှုရေး အဆင့်အတန်း များကို အမီလိုက်နိုင်ရန် တစ်ဦးချင်း ၀င်ငွေ ၈ ရာခိုင်နှုန်းဖြင့် နှစ် ၂၀ ခန့် တိုးတက်ရန် လိုအပ်


ရန်ကုန် ၊ ၂၆-၇-၂၀၁၄

မြန်မာနိုင်ငံ အနေဖြင့် အိမ်နီးချင်း နိုင်ငံများ၏ စီးပွားရေး နှင့် လူမှုရေး အဆင့်အတန်း ကို အမီလိုက် နိုင်ရန် တစ်ဦးချင်း ၀င်ငွေ ၈ ရာခိုင်နှုန်းဖြင့် နှစ် ၂၀ ခန့် မှန်မှန် တိုးတက်နေရန် လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူ Mr. Axel Van Tomtsenburg ၏ ပြောကြားချက် အရ သိရသည်။

မြန်မာနိုင်ငံ အတွင်း လူမှုရေး ၊ စီးပွားရေး ညွှန်းကိန်းများ အရ မြန်မာနိုင်ငံ၌ တစ်နှစ်လျှင် တစ်ဦးချင်း ၀င်ငွေသည် အမေရိကန် ဒေါ်လာ တစ်ထောင်ခန့်သာ ရှိပြီး ယင်း ပမာဏသည် ဒေသတွင်း အခြား အိမ်နီးချင်း နိုင်ငံများရှိ ပျမ်းမျှ ၀င်ငွေ၏ သုံးပုံတစ်ပုံ ခန့်သာ ရှိကြောင်း သိရသည်။

ယင်းအတွက် မြန်မာနိုင်ငံ အနေဖြင့် စီးပွားရေး နှင့် လူမှုရေး အဆင့်အတန်းများ တိုးတက်ရန် အိမ်နီးချင်း နိုင်ငံများ၏ ဒေသတွင်း နှင့် ကမ္ဘာလုံး ဆိုင်ရာ ပို့ကုန်ဈေးကွက် ၊ ငယ်ရွယ် တက်ကြွသော လူသား အရင်းအမြစ် ၊ ထုတ်ယူ သုံးစွဲခြင်း မပြုရ သေးသော သဘာဝ အရင်းအမြစ် ၊ ကုန်သွယ်ရေး ၊ ရင်းနှီးမြှုပ်နှံမှု နှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ အကူအညီ များကို အသုံးချနိုင်ရန် လိုအပ်ကြောင်း ၊ ထို့အပ်ြင နိုင်ငံတော် ဘဏ္ဍာငွေ နှင့် ကိုက်ညီသည့် မက်ခရို စီးပွားရေး မူဝါဒဘောင် နှင့် ငွေကြေး ဆိုင်ရာ မူဝါဒများ ချမှတ် လုပ်ဆောင် နိုင်လျှင် ဆင်းရဲမှု တိုက်ဖျက်ရေး နှင့် ၀င်ငွေ ကွာဟမှုများကို လျှော့ချနိုင်မည် ဖြစ်ကြောင်း သိရသည်။

အရှေ့တောင် အာရှ နိုင်ငံများ စီးပွားရေး အခြေအနေ လေ့လာချက် များအရ စင်ကာပူ နိုင်ငံ၏ GDP နှုန်းသည် အမေရိကန် ဒေါ်လာ ၂၆၇ ဘီလီယံ ရှိပြီး တစ်ဦးချင်း ၀င်ငွေ အမေရိကန် ဒေါ်လာ ၄၉၉၃၆ ဒေါ်လာ ၊ ထိုင်းနိုင်ငံ၏ GDP နှုန်းသည် အမေရိကန် ဒေါ်လာ ၃၇၆ ဘီလီယံ ရှိပြီး တစ်ဦးချင်း ၀င်ငွေ အမေရိကန် ဒေါ်လာ ၅၈၄၈ ဒေါ်လာ ၊ အင်ဒိုနီးရှား နိုင်ငံ၏ GDP နှုန်းသည် အမေရိကန် ဒေါ်လာ ၈၉၄ ဘီလီယံ ရှိပြီး တစ်ဦးချင်း ၀င်ငွေ အမေရိကန် ဒေါ်လာ ၃၆၆၀ ရှိကြောင်း နှင့် မြန်မာနိုင်ငံ၏ GDP နှုန်းသည် ၅၄ ဘီလီယံ ရှိပြီး တစ်ဦးချင်း ၀င်ငွေ အမေရိကန် ဒေါ်လာ ၈၄၉ ဒေါ်လာသာ ရှိကြောင်း သိရှိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger