www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 7, 2014

ဆော်ဒီအာရေဗျ နိုင်ငံတွင် MERS ဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့် လူ ၃ဦး ထပ်မံ သေဆုံး



ရီယက် ၊ ၇-၅-၂၀၁၄

ဆော်ဒီအာရေဗျ နိုင်ငံတွင် Middle East respiratory syndrome coronavirus ( MERS-CoV ) ဗိုင်းရပ်စ်ပိုး ကူးစက်ခံ ရမှုကြောင့် လူ ၃ ဦး ထပ်မံ သေဆုံး ခဲ့ပြီးနောက် ယင်းနိုင်ငံ အတွင်း အဆိုပါ ရောဂါ ကူးစက်ခံ ရသူဦးရေမှာ ယခုအခါ ၄၁၄ ဦးအထိ မြင့်တက် ခဲ့ကြောင်း ဆော်ဒီ ကျန်းမာရေး ၀န်ကြီးဌာန က ယမန်နေ့က ထုတ်ပြန်ချက်ကို Xinhua သတင်းအရ သိရသည်။

MERS ဗိုင်းရပ်စ်ပိုး ကူးစက်ခံ ရမှုကြောင့် သေဆုံးသူ ၃ ဦးမှာ ဂျက်ဒါမြို့ မှ အမျိုးသား တစ်ဦး နှင့် အမျိုးသမီး နှစ်ဦးတို့ ဖြစ်ပြီး ၄င်း ရောဂါ ကူးစက်ခံရသူ အခြား ၃ ဦးမှာ ရီယက်မြို့ မှ အသက် ၅၀ နှစ်အရွယ် အမျိုးသမီး နှစ်ဦး နှင့် မဒီနာမြို့ မှ အသက် ၆၀ နှစ်အရွယ် အမျိုးသား တစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၄င်းရောဂါ ကူးစက်ခံခဲ့ ရသော အခြား အမျိုးသမီး တစ်ဦးမှာ ရီယက်မြို့ရှိ ဆေးရုံတစ်ရုံ ၌ ဆေးကုသမှု ခံယူခဲ့ပြီးနောက် ယခုအခါ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ကြောင်း သိရသည်။

ဆော်ဒီအာရေဗျ နိုင်ငံတွင် MERS ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို တားဆီး ကာကွယ် နိုင်ရန်အတွက် ဆေးဝါး ကုသရေး စင်တာ ၃ ခုကို အစိုးရက ဖွင့်လှစ် ထားကြောင်း သိရှိရသည်။ 


#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger