www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 7, 2014

ပြန်ပေးဆွဲခံရသည့် ကျောင်းသူများကို ရောင်းစားမည်ဟု ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့ ခြိမ်းခြောက်



အဘူးဂျာ ၊ ၇-၅-၂၀၁၄

နိုက်ဂျီးရီးယား နိုင်ငံ ၊ အရှေ့မြောက်ပိုင်း တွင် ပြီးခဲ့သည့် လအတွင်းက အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့ ဖြစ်သော ဘိုကိုဟာရမ် အဖွဲ့က ဖမ်းဆီး ပြန်ပေးဆွဲခဲ့သည့် ကျောင်းသူ ၂၀၀ ကျော်ကို ရောင်းစား သွားမည်ဟု ၄င်း အဖွဲ့ခေါင်းဆောင် ဖြစ်သူ အဗူဘာကာရှိကာယူ က ယမန်နေ့တွင် ခြိမ်းခြောက် ပြောကြား ခဲ့သည်ဟု သိရသည်။

ဘိုကိုဟာရမ် စစ်သွေးကြွ အဖွဲ့သည် ဘော်နိုပြည်နယ် ၊ ချီဘော့စ်ကျေးရွာ ရှိ ကျောင်းတစ်ကျောင်း ကို ဧပြီလ ၁၄ ရက်က ၀င်ရောက် စီးနင်း တိုက်ခိုက်ခဲ့ပြီး ဆယ်ကျော်သက် အရွယ် ကျောင်းသူများကို ပြန်ပေးဆွဲ ခဲ့ခြင်း ဖြစ်သည်။ အဆိုပါကျောင်းကို ၄င်းတို့ ၀င်ရောက် တိုက်ခိုက်ခဲ့ ချိန်တွင် ကျောင်းသူအချို့မှာ ထွက်ပြေး လွတ်မြောက် ခဲ့သော်လည်း အချို့မှာ ပျောက်ဆုံးလျက် ရှိသောကြောင့် မိဘဆွေမျိုး များက လိုက်လံ ရှာဖွေလျက် ရှိကြောင်း သိရသည်။

ယင်းနောက်ပိုင်းတွင် ပြန်ပေးဆွဲ ခဲ့ရသည့် ကျောင်းသူ အချို့ကို ရောင်းစား သွားမည် ဖြစ်ကြောင်း ဘိုကိုဟာရမ် အဖွဲ့ခေါင်းဆောင် အဗူဘာကာရှိကာယူ ၏ ဗီဒီယိုမှတ်တမ်း မှ တစ်ဆင့် ခြိမ်းခြောက် ပြောကြားမှု ထွက်ပေါ် လာခြင်း ဖြစ်သည်ဟု သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger