www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 9, 2014

မိုဘိုင်းလ်ဖုန်း နှင့် ကျန်းမာရေး


မိုဘိုင်းလ်ဖုန်း နှင့် ကျန်းမာရေး

နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆက်သွယ်မှု လွယ်ကူစေရန် လမ်းတံတားများ တည်ဆောက်ခြင်း စသည့် ထူထောင်မှု များကို ပြုလုပ်ပေး သကဲ့သို့ တစ်နေရာမှ တစ်နေရာ ပြောဆို ဆက်သွယ် နိုင်ရေးအတွက် မိုဘိုင်းလ်ဖုန်း များကို ပြည်သူများ အသုံးပြု နိုင်ရန် နိုင်ငံတော်က စီစဉ် ပေးခဲ့သည်။

မည်သည့် အရာမဆို အကောင်းအဆိုး ဒွန်တွဲလျက် ရှိနေသည့် အလျှောက် မိုဘိုင်းလ်ဖုန်း များဖြင့် ဆက်သွယ် ပြောဆိုနိုင်၍ တစ်နေရာ မှ တစ်နေရာ သို့ အလွယ်တကူ ဆက်သွယ်ကာ လူမှုရေး ၊ စီးပွားရေး ကိစ္စများ ညှိနှိုင်း ဆောင်ရွက် လာနိုင် သော်လည်း ထို မိုဘိုင်းလ်ဖုန်း ကြောင့် ကျန်းမာရေး ဆိုင်ရာတွင် ထိခိုက်မှုများ ရှိနိုင်သည်။

ထို့ကြောင့် မိုဘိုင်းလ်ဖုန်း သုံးစွဲရာတွင် ဆောင်ရန် ရှောင်ရန် များကို သတိပြု သုံးစွဲရန် လိုသည်။ မိုဘိုင်းလ်ဖုန်း ကို ကလေးငယ် များအား ပေးမကိုင် သင့်ကြောင်း ၊ မိုဘိုင်းလ်ဖုန်း ကြောင့် ကလေးငယ် များ၏ ဦးနှောက် နှင့် အာရုံကြော ကို ထိခိုက် စေနိုင်ကြောင်း ၊ မိုဘိုင်းလ်ဖုန်း သုံးစွဲမှု ကြပါက ဦးနှောက် ကင်ဆာ ဖြစ်စေနိုင်ကြောင်း ၊ ကိုယ်ဝန်ဆောင် မိခင်များ မိုဘိုင်းလ်ဖုန်း သုံးစွဲမှု များပါက သန္ဓေသား ကို ထိခိုက် စေနိုင်ကြောင်း စသည်တို့ကို နိုင်ငံတကာ ပညာရှင် များက တွေ့ရှိ သတိပေး ထုတ်ပြန် ခဲ့သည်။

မိုဘိုင်းလ် တာဝါတိုင် နှင့် ဝေးသော နေရာ၌ ဖုန်း အသုံးပြုခြင်း ၊ ဖုန်း နှင့် ခန္ဓာကိုယ် ကပ်၍ပြောခြင်း ၊ မကြာခဏ ( အကြိမ်များများ ) ပြောဆိုခြင်း တို့သည် ကျန်းမာရေး ထိခိုက် နိုင်ခြေ များစေသည်။ အလျင်အမြန် သွားလာနေသော ကား ၊ ရထား စသည်တို့ စီးနင်းနေစဉ် ဆက်သွယ်ရေး တာဝါတိုင် များနှင့် နီးလိုက် ဝေးလိုက် ဖြစ်နေ၍ သံလိုက်လှိုင်းများ ပိုမို ထုတ်လွှတ် သောကြောင့် အန္တရာယ် ရှိ၍ ထိုအချိန်မျိုး၌ စက်ပိတ် ထားသင့်သည်။

မိုဘိုင်းလ်ဖုန်း သုံးစွဲခြင်းကြောင့် စီးပွားရေး ၊ လူမှုရေး တို့တွင် အကျိုးအမြတ် များစွာ ရရှိ စေသော်လည်း ပြန်လည် အစားထိုး၍ မရသော ၊ ၀ယ်ယူ၍ မရသော ကျန်းမာရေး ကို ပျက်စီး ထိခိုက် စေနိုင်သည့် အချက်ကို သတိပြု ချင့်ချိန် သုံးစွဲ ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ တိုးတက်လာသောခေတ် နှင့်အညီ ပေါ်ပေါက် လာသည့် ခေတ်မီပစ္စည်း များသည် ကောင်းကျိုးများ ပေးစွမ်း နိုင်သကဲ့သို့ ဆိုးကျိုးများ ကိုလည်း ဖန်တီးနိုင် သည်ကို သတိပြု၍ မိုဘိုင်းလ်ဖုန်း သုံးစွဲရာတွင် ကျန်းမာရေး အသိနှင့် ယှဉ်၍ ဆင်ခြင် သုံးစွဲကြရမည် ဖြစ်ကြောင်း သတိပေး ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger