www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 1, 2014

မြန်မာ့လေကြောင်း မှ ငှားရမ်းမည့် ဘိုးရင်းလေယာဉ် များကို ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံများသို့ ပထမဆုံးပျံသန်းရန် GE Capital Aviation Services မှအကြံပြု


မြန်မာ့လေကြောင်း မှ ပျံသန်းပြေးဆွဲလျက် ရှိသည့် လေယာဉ်တစ်စင်းကို တွေ့ရစဉ်

ရန်ကုန် ၊ ၁-၄-၂၀၁၄

မြန်မာ့လေကြောင်း မှ ငှားရမ်းမည့် ဘိုးရင်း လေယာဉ်များကို ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံများသို့ ပထမဆုံး ပျံသန်းရန် လေယာဉ် ငှားရမ်းမည့် အမေရိကန် အခြေစိုက် GE Capital Aviation Services မှ အကြံပြု ထားကြောင်း မြန်မာ့လေကြောင်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန်းထွန်း က ပြောကြား ခဲ့သည်။

အဆိုပါ မြန်မာ့လေကြောင်း နှင့် General Electric ( GE ) ၏ လေယာဉ် ငှားရမ်းခြင်း နှင့် ဘဏ္ဍာငွေ ရှာဖွေခြင်း လုပ်ငန်းခွဲ တစ်ခုဖြစ်သည့် GE Capital Aviation Services တို့သည် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က စင်ကာပူ နိုင်ငံတွင် ဘိုးရင်း လေယာဉ်သစ် ၁၀ စင်း ငှားရမ်းသည့် စာချုပ် ချုပ်ဆိုခဲ့ကြောင်း ၊ ယင်းတို့၏ အကြံပြု ထားချက် ရှိသော်လည်း ပြေးဆွဲ ပျံသန်းမည့် ခရီးစဉ်များ ကို တရားဝင် ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

လက်ရှိတွင် ဘိုးရင်းလေယာဉ် များအတွက် အခြေခံ လိုအပ်ချက် များကို ဘိုးရင်း လေယာဉ် ကုမ္ပဏီ နှင့် ဆွေးနွေးလျက် ရှိသည်။ လေယာဉ်များ ရောက်ရှိ လာပါက ပုံမှန် ခရီးစဉ်များ ပြေးဆွဲ ပျံသန်းသွားမည် ဖြစ်ပြီး သဘောတူ စာချုပ်အရ GE Capital Aviation Services သည် Boeing 737 - 800 လေယာဉ်သစ် ၆ စင်းနှင့် Boeing 7378 MAX Model လေယာဉ်သစ် ၄ စင်းကို ၂၀၁၅ ခုနှစ် ဇွန်လမှ စတင်၍ ၂၀၂၀ ပြည့်နှစ်အတွင်း ငှားရမ်း သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့လေကြောင်း သည် နိုင်ငံတကာသို့ National flag Carrier အဖြစ် ပျံသန်း ပြေးဆွဲနိုင်ရေး အမေရိကန် အခြေစိုက် GE Capital Aviation Services က ကူညီရန် ကမ်းလှမ်းသည့် အတွက် Boeing Project အစီအစဉ် ကို ဆင့်ကဲ တင်ပြပြီး နိုင်ငံတော် ၏ ခွင့်ပြုချက်အရ အကောင် အထည်ဖော် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ့ လေကြောင်း လိုင်းသည် မြန်မာနိုင်ငံ ၏ တစ်ခုတည်းသော နိုင်ငံပိုင် လေကြောင်းလိုင်း ဖြစ်ပြီး ၁၉၄၈ ခုနှစ်က စတင် ပျံသန်း ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ (စိုးမိုး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger