www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 4, 2014

အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲ ကျင်းပ


ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး 
အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲ အခမ်းအနားတွင်
အမှာစကား ပြောကြားစဉ်
နေပြည်တော် ၊ ၄-၃-၂၀၁၄

တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) အမျိုးသမီး ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၁) သင်တန်း ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ၈ နာရီက ရန်ကုန်တိုင်း စစ်ဌာနချုပ် ၊ မှော်ဘီ တပ်နယ်ရှိ အဆိုပါ သင်တန်းကျောင်း ၌ ကျင်းပရာ အခမ်းအနား သို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး နှင့် တပ်မတော် အရာရှိ ကြီးများ ၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ၀င်းကိုကို နှင့် တာဝန်ရှိ သူများ တက်ရောက် ကြသည်။

အခမ်းအနား တွင် စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး က သင်တန်းဖွင့် အမှာစကား ပြောကြားပြီး သင်တန်းသူ များကို ရင်းရင်း နှီးနှီး လိုက်လံ နှုတ်ဆက်သည်။ အမျိုးသမီး ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၁) ကို သင်တန်း ကာလ ရက်သတ္တ ၂၄ ပတ်ကြာ သင်ကြား ပို့ချ သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger