www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 21, 2014

ရန်ကုန်သင်္ကြန် မဏ္ဍပ်များ နိုက်ကလပ် အသွင်ဖန်တီး လုပ်ဆောင်ပါက မြို့တော်စည်ပင် က ပြင်းထန်စွာ အရေးယူမည်



ရန်ကုန် ၊ ၂၁-၃-၂၀၁၄

ယခုနှစ် မဟာသင်္ကြန် ကာလ ရေကစား မဏ္ဍပ်များ၌ နိုက်ကလပ် အသွင် ဖန်တီး လုပ်ဆောင်မှု များကို ပြင်းပြင်း ထန်ထန် ထိရောက်စွာ အရေးယူ သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။ သင်္ကြန် ရေကစား မဏ္ဍပ် များကို ယခင်နှစ် အတိုင်း ကန်တော်ကြီး ကန်ပတ်လမ်း တစ်လျှောက်၊ ကမ္ဘာအေး ဘုရားလမ်း၊ ပြည်လမ်း၊ ပါရမီလမ်း၊ ဆရာစံလမ်း တို့တွင် ခွင့်ပြု ပေးသွားမည် ဖြစ်ရာ မဏ္ဍပ်ကြီး ၁၀ဝ ခုခန့် ခွင့်ပြု ပေးရန် လျာထားပြီး မဟာ သင်္ကြန် ရိုးရာ ယဉ်ကျေးမှု၊ သရုပ်ပျက် မှုများ မဖြစ်ပေါ် စေရန် မဏ္ဍပ်များတွင် နိုက်ကလပ် အသွင် ဖန်တီး ပျော်ပါး နေမှုများကို စစ်ဆေး အရေးယူ သွားမည် ဟုလည်း သိရသည်။

မဟာသင်္ကြန် စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ ကလည်း ရိုးရာ ယဉ်ကျေးမှု နှင့်အညီ သရုပ်ပျက် ဝတ်စား ဆင်ယင်မှုများ၊ သရုပ်ပျက် အပြုအမူများ မရှိစေရန် ထိန်းသိမ်း စစ်ဆေး အရေးယူ သွားမည်ဟု သိရသည်။ ထို့ပြင် နိုက်ကလပ် များအသွင် ဖန်တီး လုပ်ဆောင်မှု များကို စစ်ဆေး တွေ့ရှိပါက မဏ္ဍပ်ပါမစ် သိမ်းဆည်း သည်အထိ အရေးယူ သွားမည်ဟု သိရသည်။ ''မနှစ် သင်္ကြန်မဏ္ဍပ် (ပုံ) တစ်ချို့က နိုက်ကလပ်လို လုပ်ထားတာ တွေရှိတယ်။ ကြားတယ်။ ဒီနှစ်မှာ လုံးဝ ခွင်ြ့ပုမှာ မဟုတ်ပါဘူး စစ်ဆေး အရေးယူ သွားမှာပါ။ ဒီနှစ်မှာ လုံခြုံရေး အင်အားကိုလဲ တိုးမြှင့်ထား ပါတယ်။ ယာဉ်ထိန်းရဲ အင်အားကိုလဲ တိုးချဲ့ထားပြီး နေ့၊ ည နှစ်ဆိုင်းခွဲ ဆောင်ရွက် စေမှာပါ ... '' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ပြောပြသည်။

ယခုနှစ်တွင် ရေကစား မဏ္ဍပ်များကို ယခင်နှစ် အတိုင်း ခွင့်ပြု ပေးမည်ဖြစ်ရာ ကန်တော်ကြီး ကန်ပတ်လမ်းများ တွင် ရေကစား မဏ္ဍပ်ကြီးများ အများဆုံး တည်ရှိမည်ဟု သိရသည်။ ကန့်သတ် နေရာများမှ အပ အခြားသော လမ်းမကြီး များတွင်လည်း ရေကစား မဏ္ဍပ်ကြီးများ ခွင့်ပြု ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ က ဆက်လက် ပြောကြား ခဲ့ကြောင်း သိရှိရသည်။ (၃၂၉)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger