www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 20, 2014

ထူးသောစိတ်ကူး ရူးတယ်လို့ မဆိုသင့်ပါ


ထူးသောစိတ်ကူး ရူးတယ်လို့ မဆိုသင့်ပါ

လူများစွာ ပြောဆိုကြသော စကား တစ်ခွန်း ရှိသည်။ " ထူးချင်ထူး ၊ မထူးချင် ရူးတာပဲ " ဟူ၍ ပင် ဖြစ်သည်။ တရား သဘောအရ လူတိုင်းဟာ အရူးပါလို့ ဆိုတတ် ကြသည်။ ကိုယ့်သဘော ၊ ကိုယ့်ဆန္ဒ ၊ ကိုယ့်အတ္တ နဲ့ ကိုယ်ရူး နေကြမြဲ ဖြစ်သည်။ ထိုသို့ ရူးသွပ်မှု ထဲတွင် အနု ၊ အရင့် ကွာခြားမှု အရ လောဘ ၊ ဒေါသ ၊ မောဟ ၊ တဏှာ ၊ ကာမ ၊ ကိလေသာ တို့၏ အချိုးအဆ ကွာခြား သွားတတ် ကြမြဲပင် ဖြစ်သည်။

ရူးသွပ်မှု များစွာထဲတွင် ဥစ္စာရူး ( သို့မဟုတ် ) ပိုင်ဆိုင်မှု ငွေကြေးကို ကိုင်တွယ်ကာ အပျော်အပါး လိုက်စားခြင်း ကို ရူးသွပ်ခြင်း လောက် ဆိုးဝါးမှု မရှိတော့။ ခေတ်ကာလ စကားအရ အရည်အဖတ် များစွာဖြင့် ဒုက္ခများစွာ ၊ ရောဂါများစွာ ကို ငွေဖြင့် ၀ယ်ယူမှု ပြုနေသော ကြောင့် ဖြစ်သည်။

ထူးစေသော စိတ်ကူး ရူးတယ်လို့ ဆိုကြစမ်း ပါစေ။ ကိုယ်နှင့် ပတ်သက် နေသော လေက ပတ်ဝန်းကျင် ကို ကောင်းကျိုး များစွာ ပေးဝေငှရေး အတွေး ကလေးဖြင့် စသင့် လှပေသည်။ ကျောင်းနေစဉ်က ဆိုခဲ့သေ စာသား အတိုင်း ဆိုရပါမူ " မိမိ ကိုယ်ကို ကောင်းအောင် ကြိုးစားမည် ၊ မိမိကျောင်းကို ကောင်းအောင် ကြိုးစားရမည် " ဟု ဆိုသောစကား အတိုင်း ကိုယ်တိုင်က ကိုယ်ကြား လောက်အောင် ကြွေးကြော် သံလေး ပြုပေး သင့်သည်က " မိမိ ပတ်ဝန်းကျင် ကို ကောင်းအောင် ကြိုးစားရေး ကိုယ်တိုင်က စပြီး ကောင်းအောင် ကြိုးစား ပေးရမည် ဟူ " ၍ ကြုံးဝါး သင့်လှသည်။

လောက လူ့ရွာတွင် " သူ " ဆိုသော အကြောင်းအရာ ကို စဉ်းစား ခြင်းထက် " ငါ " ဆိုသော အကြောင်းအရာ ကိုသာ ဦးစားပေး မိတတ် ကြသည်။ " ငါတွေ " ကြီးစိုး သွားသမျှ သူတွေ ၊ သူတွေ နှင့် တစ်ကွ ပတ်ဝန်းကျင် လောကတွေ မေ့သွား တတ်ကြသည်။ ပတ်ဝန်းကျင် နှင့် ကမ္ဘာ လောကကြီး ကို မကူညီ နိုင်သည့် တိုင်အောင် မနှောင့်ယှက် မိဖို့ လိုအပ်လှသည်။ 

ထူးသော စိတ်ကူး ရူးတယ် ဆိုလို့ ဆိုကြပါစေ။ အမှားတွေကို ယနေ့ပင် ပြင်သင့်လှသည်။ အလွဲတွေကို ယနေ့ပင် တည့်မတ် ရမည်။ အစွဲတွေကို ယနေ့ ဖြေဖျောက် ကြရမည်။ အရိုင်းတွေကို ယနေ့ပင် ရှင်းသင့် လှသည်။ ငါသည် ယနေ့ ကောင်းစွာ ကျင့်ကြံ နေထိုင် လုပ်ဆောင် ပါမည်ဟု ကတိ ပေးသင့် လှပေသည်။ သူ ... သူ ... သူ လို့ လက်ညှိုး ထိုးမည့်အစား စာနာမှု များစွာဖြင့် နားလည် ပေးသင့် လှသည်။

လူတိုင်းကို ပိုင်ဆိုင်ခွင့် ပေးထားသော ၂၄ နာရီသည် အငြိမ်နေခြင်း မဟုတ် တစ်ချက်ချက် နှင့် ရွေ့ပြောင်း ကုန်ဆုံး သွားတတ်မြဲ ဖြစ်သည်။ ကုန်ဆုံး သွားသော ကာလယန္တရား ထဲတွင် ဘ၀ဒ အလှတရား ကို ရှာဖွေ ဖော်ထုတ် နိုင်အောင် ကြိုးစား သင့်လှသည်။ အချိန်ကို ဖြုန်းသမျှ အသုံးမကျသော လူသားဖြစ်ကာ တန်ဖိုးမဲ့သော လူသား ဘ၀အဖြစ် နောင်တတို့ စွန်းထင် သွားတတ်သည်။ သို့အတွက် စကား တစ်ခွန်းဖြင့် သတိပေး သင့်သည်က အချိန်ကို အကောင်းဆုံး သုံးပါ ဟူ၍ ဖြစ်သည်။ 

လောက လူ့ရွာတွင် လူနှစ်မျိုး သာ ရှိသည်။ ထိုနှစ်မျိုးမှာ ဘ၀ အတွင်းမှာ ရောက်လာခိုက် အဖိုးတန်အောင် နေသူ နှင့် အဖိုးတန်အောင် မနေသူ ဟူ၍ နှစ်မျိုးသာလျှင် ရှိသည်။ ထိုနှစ်မျိုးသော လူသားများတွင် ကွဲပြားသော အမူအကျင့် ၃ ခု ပြုလုပ်လေ့ ရှိသည်။ ထို အမူအကျင့် များမှာ-
  • မိမိ အကျိုးစီးပွား လောက်ပဲ ဆောင်ရွက်သူ 
  • ကိုယ်အကျိုး ၊ အများအကျိုး နှစ်မျိုး စလုံး ဆောင်ရွက်သူ 
  • ကိုယ့်အကျိုးလည်း မသယ်ပိုး ၊ သူတစ်ပါး အကျိုးလည်း မသယ်ပိုး သော အကျင့်တို့ ဖြစ်သည်။

လူသည် အကြောက် တရားတို့ ကြီးစိုး တတ်ကြမြဲ ဖြစ်သည်။ တွေး၍လည်း ကြောက်သည်။ ထိပ်တိုက် တွေ့ရင်လည်း ကြောက်သည်။ ကြောက်စရာ မရှိ သည်ကိုလည်း ကြောက်္ကသာ နေသော အကြောက် ကမ္ဘာတွင် မကြောက်အောင် လုပ်ဖို့အရေး အချက် ၄ ချက် ရှိသည်။ ထိုအချက် များမှာ -
  • လုပ်သင့်တာ လုပ်ခြင်း
  • ကိုယ့်လမ်း ကိုယ်သွားခြင်း
  • ကိုယ့် ရည်ရွယ်ချက် အတိုင်း လုပ်ဆောင်ခြင်း
  • လုပ်သင့်တာကို လုပ်ဆောင်ခြင်း 
ဆိုသော အချက်များ ဖြစ်သည်။

ထို အချက်များကို အတိုချုံးသမျှ လုပ်သင့်သော ကောင်းမှုကို ကောင်းသော ရည်ရွယ်ချက် ဖြင့် ကောင်းစွာ လုပ်ကိုင်သမျှ အကြောက် တရားက ကင်းလွတ် နိုင်မည်ဟု အတိုချုံး ဆိုနိုင် ပါသည်။

လောကရဲ့ အလှတရား ကို ဖွောရှာခြင်း အတွက် ငွေကြေး တတ်နိုင်ခြင်း သက်သက်မျှ ဖြင့် မဆောင်ရွက် နိုင်ပါ။ အလှတရား ကို ရှာဖွေတတ်သော မျက်လုံး တစ်စုံ ၊ မေတ္တာ တရား ကိန်းအောင်း နေသော နှလုံးသား ၊ အကြင်နာ တရား ဝေဆာနေသော အပြုအမူ တို့သာ အဓိက လိုအပ်မြဲ ဖြစ်သည်။ အလှ ရှာဖွေရင်း ဘ၀ ဝေဒနာ အတွင်းမှာ ပျော်အောင်နေ တတ်ရေး ပျော်ရွှင် တတ်သော ဓာတ်ခံလေး လိုအပ်လှမြဲ ဖြစ်သည်။

မေတ္တာ ကင်းသော နေရာသည် အထီးကျန် ဆန်သော ဂေဟာဟု ဆိုထားသည်။ သစ္စာ ၊ မေတ္တာ ၊ အကြင်နာ တရားတို့ လွှမ်းခြုံသော နေ့စွဲ ဖြစ်ဖို့အရေး ကောင်းသော စိတ်ကလေးဖြင့် နိုးထ ရှင်သန် သင့်လှသည်။ ဒီဝမ်းတစ်ထွာ မှာ အာဟာရ ပြည့်ဝနေခိုက် အပြုံးတစ်သိုက် မျှဝေပေး လိုက်ပါ။ သင်ဟာ အပြုံးက ကုဋေကဋာ ပိုင်ဆိုင်သည့် အပြုံး သူဌေးကြီး ဖြစ်သွားမှာ သေချာ ပါသည်။

ကောင်းသော လေညင်းကို ရှူရှိုက်ခွင့် ကြုံသမျှ မေတ္တာ လှလှပေးကာ ကြင်နာစွာ ပြုမူ ပြောဆို ကြည့်လိုက်ပါ။ သင်ဟာ မေတ္တသူဌေး ၊ အကြင်နာ ပိုင်ရှင်ကြီး ဖြစ်သွားမှာ သေချာ လှသည်။

သူ့အတွက် ဆိုသော ရည်ရွယ်ချက်ဖြင့် ရွက်ဆောင်ရင်း ကိုယ့်ဘ၀ သည်လည်း စိတ်ငြိမ်းချမ်းခြင်း ကို ရရှိ ခံစား သွားတတ် ရမြဲ ဖြစ်သည်။ ထူးသော စိတ်ကူး ရူးတယ်လို့ ဆိုနိုင်သော်လည်း လူတိုင်း အရူးဟု ဆိုထားသည့် အကြား ထူးခြားသွားမှာ မလွဲပါချေ။ သို့အတွက် လောက မြေပေါ် နေခွင့်ကြုံခိုက် လောကမြေပေါ်မှ သတ္တ၀ါ မှန်သမျှကို စာနာခြင်း ဖြင့် ညှာတာခြင်း တို့ ရရှိလာမည် ဖြစ်သည်။

သရက်တန်း စိုးရွှေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger