www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 4, 2013

သယံဇာတ အသုံးချနည်းပညာ လိုအပ်ချက်


သယံဇာတ အသုံးချနည်းပညာ လိုအပ်ချက်

အယ်ဒီတာ့အာဘော်
( ၄-၁၁-၂၀၁၃ )

ယခုရက်ပိုင်း နေ့စဉ်ထုတ် သတင်းစာတွင် တစ်ပိုင်တစ်နိုင် ကုန်းတွင်း ရေနံ လုပ်ငန်းငယ် ကလေးများ မီးလောင်မှု ဖြစ်ပွားသည့် သတင်းများ တွေ့နေ ရသည်။ ရာသီဥတု က ခြောက်သွေ့သော ကာလသို့ ကူးပြောင်း လာနေခြင်း ကြောင့် မီးဘေး အန္တရာယ် ကို အထူးသတိပြု ရမည် ဖြစ်သည်။

မကွေးတိုင်း ဒေသကြီး မင်းလှမြို့နယ် ဒဟတ်ပင် ရေနံမြေ လုပ်ကွက် အမှတ်(၅) MOGE သံကန်တန်း ၏ အနောက်ဘက် ရှိ ယာခင်း အတွင်း ရေနံစိမ်း (၅)ပီပါခန့် အား ပလတ်စတစ် မိုးကာကန် အတွင်း သိုလှောင် ထားစဉ် ရေနံစိမ်းများ ခဲနေသဖြင့် အရည်ပျော် စေရန် သံပူချောင်းဖြင့် မွှေရာမှ မီးစတင် လောင်ကျွမ်း သော ဖြစ်စဉ် တစ်ခု အောက်တိုဘာ ၂၈ ရက်တွင် ဖြစ်ပွား ခဲ့သည်။ ဒဟတ်ပင် ရေနံမြေ လုပ်ကွက်မှာ ပင် MOGE ဘောလုံးကွင်း အနောက်ဘက် တစ်မိုင်ခန့် ကွာဝေးသော ယာခင်း အတွင်းရှိ ရေနံတွင်း၌ ရေနံလုပ်သား တစ်ဦးက ရေနံခပ် နေစဉ် ရေနံခွက် သံကိုင်းနှင့် ရေနံတွင်း သံပိုက်တို့ ပွတ်တိုက် မိရာမှ မီးစတင် လောင်ကျွမ်းသော ဖြစ်စဉ်တစ်ခု အောက်တို ဘာ ၂၉ ရက်တွင် ဖြစ်ပွား ခဲ့သည်။ မကွေးတိုင်းေ ဒသကြီး တောင်တွင်းကြီး မြို့မှ ငမင်ရွာသို့ သွားသော ကျောက်ချောလမ်း တောင်ဘက် ကိုက် ၂ဝဝ ခန့်အကွာ ရှားတော အတွင်း လုပ်ကိုင်လျက် ရှိသော ရေနံချက်ဖို မီးလောင်သည့် ဖြစ်စဉ်တစ်ခု အောက်တိုဘာ ၃ဝ ရက်တွင် ဖြစ်ပွား ခဲ့သည်။ ဖြစ်စဉ်မှာ ရေနံချက်ဖို နှစ်လုံးရှိပြီး အမှတ်(၂) ရေနံချက်ဖို အနီးရှိ အမှတ်(၁/၂) ရေကန်မှ ဆီကန်သို့ ဆက်သွယ် ထားသည့် ပိုက်လိုင်း နှစ်လိုင်းတွင် ရေနံချေးများ ပိတ်ဆို့ နေသဖြင့် ဆေးကြောရန် ကော့စတစ် ဓာတုဆေးမှုန့် များကို ရေဖြင့်ရော၍ အမှတ်(၁) ရေကန်နှင့် ဆက်သွယ် ထားသည့် ပိုက်လိုင်း အတွင်းသို့ စက်ဖြင့် မောင်းတင်ရာမှ ရေနံချက်ဖို အမှတ်(၂) အတွင်း ဆက်သွယ် ထားသည့် ဘားမလုံ၍ ကော့စတစ် နှင့် ရေနံစိမ်း ရောနှော သွားကာ မီးလောင် ပေါက်ကွဲ ခဲ့ကြောင်း သိရသည်။

စပိန်နိုင်ငံ လီယွန် ပြည်နယ်ရှိ ဆန်ဒါလူစီယာ သတ္တုတွင်း၌ အောက်တိုဘာ ၂၈ ရက်တွင် မီသိန်းဓာတ်ငွေ့ ယိုစိမ့်မှု ဖြစ်ပွားခဲ့ရာ သတ္တုတွင်း လုပ်သား ခြောက်ဦး သေဆုံးပြီး လေးဦးမှာ စိုးရိမ်ဖွယ် ဒဏ်ရာ ရရှိခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။ ဆန်ဒါလူစီယာ သည် သတ္တုတွင်း တူးဖော်ရေး လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်း ကြသူများ နေထိုင်ကြသည့် ရွာငယ် တစ်ရွာဖြစ်ပြီး လူဦးရေ ၇ဝဝ ခန့် နေထိုင်လျက် ရှိသည်။ သတ္တုတွင်း သည် မြေအောက် အနက် ၆၉ မီတာ နှင့် အကျယ် ၆ ဒသမ ၅ မီတာ ရှိကြောင်း သိရသည်။


အထက်ပါ သာဓကများ အရ သဘာဝ သယံဇာတ ထုတ်ယူ သုံးစွဲရေးသည် နည်းပညာပိုင်း ဆိုင်ရာ ကျွမ်းကျင်မှုသည် မရှိမဖြစ် လိုအပ်ချက် ဖြစ်သည်။ သယံဇာတ ပေါကြွယ်ဝ သော်လည်း နည်းပညာ အရင်းအနှီး မပြည့်စုံသူ နှင့် နည်းပညာ အရင်းအနှီး ပြည့်စုံ သော်လည်း သယံဇာတ မရှိသူတို့သည် နှစ်ဦးနှစ်ဖက် သင့်တင့်သော မျှဝေ ခံစားမှု ဖြင့် ပူးပေါင်း ဆောင်ရွက် ကြရမည်သာ ဖြစ်ပါကြောင်း။      ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger