www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 4, 2013

Bar Camp Pakokku 2013 ဖွင့်လှစ်



ပခုက္ကူ ၊ ၄-၁၁-၂၀၁၃

မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့ အမှတ်(၃) ရပ်ကွက် ၊ တိလောက ရာမ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွင် နိုဝင်ဘာ ၂ ရက် နံနက် ၉နာရီက Bar Camp Pakokku 2013 ဖွင့်ပွဲ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့မိ မြို့ဖများ ၊ သတင်း မီဒီယာသမားများ ၊ Bar Camp အဖွဲ့ဝင်များ ၊ လူမှုကူညီရေး အသင်းအဖွဲ့ ဝင်များ ၊ ဖိတ်ကြားထား သူများ ၊ အခြားမြို့များမှ ဖိတ်ကြား ထားသူ Bar Camper များ တက်ရောက် ကြပြီး တိလောက ရာမကျောင်း ဆရာတော် ဘဒ္ဒန္တ ပညာဝံသ ၊ ဆရာမကြီး ဒေါ်ဒေဝီသန့်ဇင် (သဘာဝ ထိန်းသိမ်းရေး ပညာရှင် ) ၊ ဆရာ ဦးသက်ကြူ (ပခုက္ကူ)တို့က နံနက် ၉နာရီ၌ ဖွင့်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြသည်။ (ပုံ)

ထို့နောက် အစီအစဉ် အရ တိလောက ရာမကျောင်း ဆရာတော် ဘဒ္ဒန္တ ပညာဝံသက သြဝါဒစကား မြွက်ကြားပြီး Bar Camp အဖွဲ့မှ ဆရာ ဦးသက်ကြူ ၊ ဆရာမကြီး ဒေါ်ဒေဝီသန့်ဇင် နှင့် အခြားမြို့များ မှ ရောက်ရှိ လာသော Bar Camper များကိုယ်စား ကိုဟိန်းအောင်ဇော် ( Yangon ESE ) တို့က Bar Camp Pakokku 2013 ဖွင့်ပွဲအတွက် အမှာစကား အသီးသီး ပြောကြား ကြသည်။

ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကွန်ပျူတာ ၊ အင်တာနက် နှင့် အခြား နည်းပညာရပ် ဆိုင်ရာ သတင်း အချက်အလက် များကို ပညာရှင်များ ၊ ဝါသနာရှင်များ နှင့် လေ့လာ လိုက်စား သူများက တစ်နေရာ တည်းတွင် စုစည်းပြီး ပွဲဦးဆောင် ကျင်းပသူများ သာမက တက်ရောက် လာသူများက မိမိတို့၏ အတွေ့အကြုံ နှင့် အယူအဆများ ကို လွတ်လပ်စွာ ဖလှယ်ကြသည့် အစီအစဉ် ဖြစ်၍ လူကြီး ၊ လူငယ် ၊ ကျောင်းသား ၊ ကျောင်းသူများ ပါမကျန် ခေတ်နှင့်အညီ နည်းပညာ အသိရှိ စေချင်သော ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်း ဖြစ်ကြောင်း ၊ ပခုက္ကူမြို့တွင် နိုဝင်ဘာ ၂ ရက်မှ ၃ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အခမဲ့ ဝင်ကြေးမရှိ မည်သူမဆို ဝင်ရောက် ကြည့်ရှု ဆွေးနွေး ဟောပြော နိုင်ကြောင်း Bar Camp Pakokku  အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက ပြောပြသည်။


အဆိုပါ Bar Camp Pakokku ၌ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် ပခုက္ကူ အိုင်တီ နည်းပညာ ၊ ကွန်ပျူတာနှင့် မိုဘိုင်း ၊ လူငယ်နှင့် ဖွံ့ဖြိုး တိုးတက်ရေး ၊ စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ၊ ဓာတ်ပုံ နှင့် သတင်းနည်း ပညာ စသည်ဖြင့် ခေါင်းစဉ် ငါးမျိုးကို အဓိကထား၍ အခန်း(၅) ခန်းဖွင့်လှစ် ပေးထားရာ မြို့နယ်ပေါင်းစုံမှ ဟောပြောသူ ၊ ပို့ချသူ ၊ မေးမြန်းသူ များဖြင့် အခန်းတိုင်းတွင် စည်ကားလျက် ရှိပြီး ဖွင့်ပွဲ အခမ်းအနားသို့ လာရောက်သူ များအား မုန့်များနှင့် အမှတ်တရ လက်ဆောင် ပစ္စည်းများ အခမဲ့ ပေးဝေကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger