www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, November 30, 2013

အင်းလေးကန် ရေရှည်တည်တံ့ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ



တောင်ကြီး ၊ ၃ဝ-၁၁-၂ဝ၁၃

ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့ ၊ သစ်တော ရပ်ကွက် ၊ တောင်ကြီး ခရိုင် သစ်တော ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ရုံး အစည်းအဝေး ခန်းမ၌ နိုဝင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီက အင်းလေးကန် ရေရှည် တည်တံ့ရေး လုပ်ငန်းများ ညှိနှိုင်း အစည်းအဝေး ကျင်းပရာ အခမ်းအနား သို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ် သစ်တော နှင့် သတ္ထုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း ၊ ပြည်နယ် ၊ ခရိုင်မှ ဌာနဆိုင်ရာများ ၊ UNDP မှ တာဝန်ရှိသူ များနှင့် သစ်တော ဦးစီးဌာန ဝန်ထမ်းများ တက်ရောက် ကြသည်။

အခမ်းအနား တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ် သစ်တောနှင့် သတ္ထုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း က အဖွင့် အမှာစကားေ ပြာကြားပြီး UNDP မှ အမျိုးသား စီမံကိန်း မန်နေဂျာ ဦးထွန်းပေါ်ဦး က အင်းလေးကန် ရေရှည် တည်တံ့ရေး Trust Fund နှင့် ပတ်သက်၍ ဆောင်ရွက် နေသည်များကို ရှင်းလင်း တင်ပြသည် ။ ဆက်လက်၍ UNDP မှ အမျိုးသား အကြံပေး ဆရာမ ဒေါက်တာ ဒေါ်လီကျော် က အင်းလေးကန် ရေရှည် တည်တံ့ရေး Trust Fund အတွက် ရေးဆွဲ ထားသော Guidelines မူကြမ်းနှင့် ပတ်သက်၍ ဆွေးနွေး တင်ပြပြီး တက်ရောက် လာကြသူ များက အင်းလေးကန် ရေရှည် တည်တံ့ရေး လုပ်ငန်းများကို အကြံပြု ဆွေးနွေး ကြသည်။ 

ထို့နောက် UNDP မှ အမျိုးသား စီမံကိန်း မန်နေဂျာ ဦးထွန်းပေါ်ဦး က အကြံပြု ဆွေးနွေးချက် များအပေါ် ပြန်လည် သုံးသပ် ဆွေးနွေး တင်ပြပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ် သစ်တောနှင့် သတ္ထုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း က လိုအပ် သည်များကို ဖြည့်စွက် လမ်းညွှန် မှာကြား ခဲ့ကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger