www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 29, 2013

မြန်မာနိုင်ငံ EITI အဖွဲ့ဝင်ဖြစ်လာပါက သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုနည်းသော ရင်းနှီးမြှုပ်နှံမှုများ ၀င်လာမည်


ရန်ကုန် ၊ ၂၉-၈-၂၀၁၃

မြန်မာနိုင်ငံ အနေဖြင့် Extractive Industries Transparency Initiative _ EITI  အဖွဲ့ဝင် နိုင်ငံဖြစ်ရန် ကြိုးစားမှု များသည် နိုင်ငံတကာ လုပ်ငန်းရှင် များက မြန်မာနိုင်ငံ သို့ လာရောက် ရင်းနှီးမြှုပ်နှံ မှုပြုပါက သဘာဝ သယံဇာတ များကို နိုင်ငံစံနှုန်း များအတိုင်း ရယူ သုံးစွဲရမည် ဖြစ်သောကြောင့် သယံဇာတ ကြောင့် ဖြစ်ပေါ် လာသော ပဋိပက္ခများ မရှိနိုင်ဘဲ အဆင့်မြင့်သော ရင်းနှီးမြှုပ်နှံ သူများသာ ၀င်လာမည် ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးစည်သူလွင် က ပြောကြား ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် EITI အဖွဲ့ဝင် ဖြစ်လာပါက သဘာဝ အရင်းအမြစ် များကို စနစ်တကျ ထုတ်ယူ သုံးစွဲခြင်း ၊ သယံဇာတ ထုတ်ယူ သုံးစွဲမှုများ ကြောင့် ဖြစ်ပေါ် လာနိုင်သော ပြဿနာများ ၊ သဘာဝ သယံဇာတ ထုတ်ယူ သုံးစွဲခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ ၊ လူမှုဘ၀ ထိခိုက်မှုများ ၊ ကျန်းမာရေး ထိခိုက်မှုများ မဖြစ်ပေါ် စေရန် ရင်းနှီးမြှုပ်နှံ သူများက ထည့်သွင်း စဉ်စား လုပ်ကိုင်မှု ပိုမို အားကောင်း လာစေမည် ဖြစ်ကြောင်း သိရသည်။


အဆိုပါ ကိစ္စများကို အကောင် အထည်ဖော် နိုင်ရန်အတွက် အမေရိကန် အစိုးရ ကလည်း ဒေသတွင်း ဖွံ့ဖြိုး တိုးတက်ရေး နှင့် ပဋိပက္ခများ လျော့နည်း စေရေး အတွက် နည်းပညာ နှင့် ငွေကြေး အထောက်အပံ့ များ ပေးအပ် သွားမည် ဖြစ်ကြောင်း ကတိက၀တ်ပြု ပြောကြား ထားကြောင်း လည်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger