www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 26, 2013

အောင်ဘာလေထီ ဆုမဲအရေအတွက် ထပ်တိုးမည်

ရန်ကုန် ၊ ၂၆-၈-၂၀၁၃

နိုင်ငံတော်မှ တရားဝင် ရောင်းချနေသော အောင်ဘာလေ ထီများကို ၀ယ်ယူ ကံစမ်းကြသူများ တဖြည်းဖြည်း များပြား လာခြင်းကြောင့် တစ်လထက် တစ်လ ရောင်းအား ပိုကောင်း လာကာ ယခုအခါတွင် ယခင်ကထက် အစောင်ရေ ၃၅ သိန်းကျော်  ပိုရောင်း လာရသည်ဟု သိရသည်။ လွန်ခဲ့သော နှစ်လ ၊ သုံးလခန့်မှ စတင်ကာ ထီရောင်းအားများ သိသိသာသာ တိုးတက် လာခြင်းကြောင့် ယခုလို ထီစောင်ရေ တိုးမြှင့်ရောင်းချ လာရခြင်းဖြစ်ပြီး ရောင်းရသော ထီအစောင်ရေ တိုးလာခြင်း နှင့်အတူ ထီဖွင့် ရာတွင်လည်း ဆုမဲ အရေအတွက်ကို တိုး၍ ဖွင့်လှစ် ပေးသွားမည် ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲ မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

" ဒီ နှစ်လ ၊ သုံးလ လောက်မှာ ထီရောင်းအားက အတော်ကြီးကို တိုးတက်လာ ခဲ့တယ် ၊ နှိုင်းယှဉ် ပြောရရင် ပြီးခဲ့တဲ့ ဇွန်လက ထီအစောင်ရေ ၂၇၈ သိန်းကျော် ရောင်းရလို့ဆိုပြီး ဇူလိုင်လကျတော့ ထီအစောင်ရေ ကိုးသိန်း ထပ်တိုးတယ် ၊ အဲဒီလို ထပ်တိုးတာလည်း ရောင်းအား ကောင်းတော့ အကုန် ကုန်ပါတယ် ၊ အဲဒါနဲ့ ဒီလ ( သြဂုတ်လ ) မှာ ထီအစောင်ရေ နောက်ထပ် ၂၇ သိန်း ထပ်တိုး ရောင်းတယ် ၊ အဲဒါလည်း အကုန်လုံးနီးပါး ကုန်လိမ့်မယ်လို့ မျှော်မှန်း ထားပါတယ် ၊ ဇွန်လထက်စာရင် စုစုပေါင်း ထီအစောင်ရေ ၃၆ သိန်းလောက် ပိုရောင်း လာရတယ် ၊ အခုဆိုရင် အောင်ဘာလေထီ ရောင်းအားက တစ်လကို အစောင်ရေ ၃၁၅ သိန်း နီးပါးလောက် ရောင်းရလာတာတယ် ၊  ထီအစောင်ရေ တိုးရောင်း လာရသလို ဆုမဲ အရေအတွက် ကလည်း အချိုးကျ တိုးသွားမှာပါ။ ကျပ် သိန်း ၁ဝဝ မင်္ဂလာစုံတွဲ စနစ်တွေနဲ့ သိန်း ၂ဝဝ ၊ သိန်း ၃ဝဝ ဆုတွေမှာ အရေအတွက် တိုးပြီး ဖွင့်သွားဖို့ အခြေအနေ များပါတယ် ... '' ဟု ၄င်းက ပြောပြခဲ့သည်။


အောင်ဘာလေ ထီများသည် မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများထက် အလယ်ပိုင်း နှင့် အထက်ပိုင်း ဒေသများတွင် ရောင်းအားများ ပိုမိုကောင်းလာ ခဲ့ရာ အချို့သော ထီရောင်းအား ၊ ပေါက်အား ကောင်းသော ထီအရောင်း ဆိုင်များတွင် ၄င်းထီများကို တစ်စောင်လျှင် ငွေကျပ် ၃၀၀ ကျပ်နှုန်း အထိ ရောင်းချ လာကြကြောင်း ကြားသိရသည်။ အဆိုပါ အောင်ဘာလေထီ စုစုပေါင်း ရောင်းရငွေ ၏ ၆၀ ရာခိုင်နှုန်း ကို နိုင်ငံတော်မှ ဆုမဲများ ပြန်လည်ခွဲဝေပေးပြီး ၄ဝ ရာခိုင်နှုန်းကို နိုင်ငံတော် အခွန်အဖြစ် ပေးသွင်းကာ လစဉ်လဆန်း ၁ ရက်နေ့တိုင်းတွင် ထီပေါက်မဲ များကို ဖွင့်ပေးလျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger