www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 5, 2013

မြ၀တီရောင်စုံဓာတ်ပုံပြိုင်ပွဲ ( ကလေးသူငယ် ချစ်စဖွယ် )

ဆုရဓာတ်ပုံ သုံးသပ်ချက်များ

၂၀၁၃ ခုနှစ် ၊ ဇူလိုင်လ မြ၀တီ ရောင်စုံ ဓာတ်ပုံပြိုင်ပွဲ " ကလေးသူငယ် ချစ်စဖွယ် " အတွက် အနယ်နယ် အရပ်ရပ် မှ ပြိုင်ပွဲဝင် ဓာတ်ပုံပေါင်း ၅၅ ပုံအထိ လက်ခံ ရရှိသည်။ ၀ါရင့် ပြိုင်ပွဲဝင်များ သာမက လူသစ် ပြိုင်ပွဲဝင် များလည်း ပြိုင်ပွဲဝင် ဓာတ်ပုံများ ပေးပို့ ယှဉ်ပြိုင် လာသည်ကို ၀မ်းသာဖွယ် မြင်တွေ့ ရသည်။ မြ၀တီ ရောင်စုံ ဓာတ်ပုံပြိုင်ပွဲကို ၀ါရင့် ဓာတ်ပုံ ပညာရှင် ကြီးများနှင့် မြ၀တီ စာပေတိုက် စာတည်း အဖွဲ့ဝင်တို့ ပူးပေါင်း၍ အမှတ်ပေး စနစ်ဖြင့် လွတ်လပ်၍ တရား နည်းလမ်းကျ ရွေးချယ် ခဲ့ကြသည်။

ပထမဆု - အောင်မြင်ထွေး


မြန်မာနိုင်ငံ ဓာတ်ပုံ အသင်းဝင် အောင်မြင့်ထွေး ရရှိပါသည်။ အောင်မြင့်ထွေး မှာ ဓာတ်ပုံ အသင်း ပြိုင်ပွဲများတွင် ဆုများ မကြာခဏ ရယူဖူးသည် ကို သတိပြုမိပြီး လူငယ် ပညာရှင် တစ်ဦး ဖြစ်၍ မြ၀တီ နှစ်ပတ်လည် ဆုကြီးကို ရည်မှန်းကာ ပိုမို ကြိုးစား ပါရန် တိုက်တွန်း အပ်ပါသည်။ ဆုရဓာတ်ပုံ မှာ သိုးမွေးထည် ၀တ်စား ဆင်ယင် ထားသည့် ကလေးငယ်၏ မျက်နှာ တစ်ပိုင်းပုံ ဖြစ်သည်။ အဝေးရိုက် မှန်ဘီလူး တပ်ဆင် ရိုက်ကူး ထားပါ၍ မျက်နှာနှင့် လက်တို့မှာ ပြေပြစ် အချိုးကျပြီး နောက်ခံနှင့် ကွဲပြားလျက် ရှိစေသည်။ မျက်နှာကို သဘာဝ အလင်းအတိုင်း အလင်းပါးပါးလေး ဖြည့်စွက် ရိုက်ယူ ထားသည်ကို တွေ့ရသည်။ သိုးမွေးထည် ၏ အဖြူပိုင်း အနုစိတ် လက္ခဏာ လေးများ ကိုလည်း ပေါ်လွင်အောင် ပြသထားသည်။ ကလေးငယ်၏ ဟန် အမူအရာ မလုပ်တတ် လုပ်တတ် ချစ်စဖွယ် မျက်နှာပေး မှာလည်း ပုံ၏ ခေါင်းစဉ်ကို ပံ့ပိုး ပေးသည်။ ရိုက်ကူး တင်ပြမှု နှင့် အဖြတ်အတောက် တို့လည်း ကောင်းမွန်သည်။ ဓာတ်ပုံ ဆေးသားလည်း အနု ၊ အရင့် စုံလင်စွာဖြင့် ကြည်လင် တောက်ပ မှန်ကန်သည်။

ဒုတိယဆု - ၀င်းကျော်သူ



မြ၀တီသို့ ယခုလမှ ပေးပို့လာသူ လူသစ်တစ်ဦး ဖြစ်သည်။ ဆုရဓာတ်ပုံမှာ လသားအရွယ် ကလေးငယ် ၏ မှောက်လျက် အနေအထား တစ်ကိုယ်လုံး ပေါ်ပုံဖြစ်သည်။ ပုံကို Indoor အလင်းပေး ရိုက်ယူ ထားသည်ကို တွေ့ရပြီး ပြေပြစ် လှပစွာ အလင်း ပေးထားသည်။ ကလေးငယ် ၏ မှောက်လျက် အနေအထား မှ လက်ထောက် အားယူ ကုန်းထနေဟန် မှာလည်း ပုံကို ချစ်စဖွယ် ဖန်တီးမှု ဖြစ်သည်။ ကလေးငယ် ၏ ရှည်လှသော ဆံပင် နှင့် မျက်လုံး အကြည့်မှာ လည်း ပုံကို သက်ဝင် လှပ စေသည်။ အဖြူစင်း အင်္ကျီနှင့် သားမွေးအခင်း တို့၏ အဖြူပိုင်း အနုစိတ် လက္ခဏာများ လည်း ညီမျှစွာ ပြသထား နိုင်သည်။ ကန့်လန့်ဖြတ် အနေအထား နှင့် ကူးချဲ့ ဖြတ်တောက်ပုံ တို့ တိကျ ကောင်းမွန်သည်။ ဓာတ်ပုံ ဆေးသား မှာလည်း ကလေးငယ် ၏ အသားရောင် Skin tone မှန်ကန် လှပသည်။

တတိယဆု - ဇေယျာမင်း



မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ၏ လူသစ် လူငယ် ဓာတ်ပုံ ပညာရှင် တစ်ဦး ဖြစ်သည်။ ဆုရဓာတ်ပုံ မှာ ချစ်စဖွယ် သမီးငယ်အား Home Studio Lighting ဖြင့် Indoor ရိုက်ကူး ထားသော အဆင့်မြင့် ပုံကောင်း တစ်ပုံ ဖြစ်သည်။ အလင်းပေး ရိုက်ကူး ထားသည်မှာလည်း သေသပ် လှပ ကောင်းမွန်သည်။ ကလေးငယ် ၏ ဟန်ပန် အနေအထား မှာလည်း ကြည့်မြင်သူအား ချစ်စဖွယ် ဖြစ်စေသည်။ နောက်ခံ အနက်ထားပြီး အလင်းပေး ထားပုံမှာ ပုံကို နောက်ခံနှင့် ပွဲပြား လှပစေသည်။ 85 mm Portrait Lens ကိုလည်း ပိုင်နိုင်စွာ အသုံးပြု ရိုက်ကူး ထားသည်။

အထူးဆု(၁) - ဇာနည်ထွန်း ( ရွှေပန်းချီ ရမည်းသင်း )


အထူးဆု(၂) - ၀င့်ရည်မွန်



အထူးဆု(၃) - ၀င်းကျော်သူ


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger