www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 11, 2013

ဂျော်ဒန်နိုင်ငံတွင် နိုင်ငံတကာ စစ်ရေးလေ့ကျင့်ခန်းတစ်ရပ် စတင်ခဲ့ခြင်း




၁၁-၆-၂၀၁၃

ဂျော်ဒန်နိုင်ငံ ၊ အမေရိကန် နိုင်ငံ နှင့် အခြား ၁၉ နိုင်ငံတို့မှ လေ့လာသူများ အပါအ၀င် တပ်ဖွဲ့ဝင် ၈၀၀၀ ဦး ပါဝင်သည့် Eager Lion 2013 အမည်ရှိ နိုင်ငံတကာ ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း တစ်ရပ်အား ဂျော်ဒန်နိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်း ဒေသများတွင် ဇွန်လ ၉ ရက်နေ့က စတင် ပြုလုပ်ခဲ့ကြောင်း NEWS now သတင်း တစ်ပုဒ်အရ သိရသည်။

အဆိုပါ ပူးတွဲ စစ်ရေး လေ့ကျင့်ခန်းတွင် အမေရိကန် တပ်ဖွဲ့ဝင် ၄၅၀၀ ဦးနှင့် ဂျော်ဒန် တပ်ဖွဲ့ဝင် ၃၀၀၀ ဦးတို့ ပါဝင် လေ့ကျင့်လျက် ရှိပြီး ရေတပ် ၊ လေတပ် နှင့် ကြည်းတပ် ဆိုင်ရာ စစ်ရေး လေ့ကျင့်ခန်း များအား ဇွန်လ ၂၀ ရက်နေ့ အထိ လေ့ကျင့် သွားမည် ဖြစ်ကြောင်း သိရသည်။ Eager Lion 2013 စစ်ရေး လေ့ကျင့်ခန်း သည် အကြမ်းဖက် တိုက်ဖျက်ရေး နှင့် သောင်းကျန်းသူ နှိမ်နင်းရေး ကဲ့သို့သော သမားရိုးကျ မဟုတ်သည့် စစ်ဆင်မှု များကို အဓိကထား လေ့ကျင့် သွားမည် ဖြစ်ကြောင်း နှင့် ဂျော်ဒန်နိုင်ငံ နှင့် အနီးတစ်ဝိုက် ရှိ ဖြစ်ပွားလျက် ရှိသော မည်သည့် ကိစ္စရပ်ကိုမျှ ရည်ရွယ် လေ့ကျင့်ခြင်း မဟုတ်ကြောင်း ဂျော်ဒန် တပ်မတော် စစ်ဆင်ရေး အရာရှိချုပ် ဖြစ်သူ ဗိုလ်ချုပ် Awni el - Edwan က အမေရိကန် အလယ်ပိုင်း ကွပ်ကဲမှု ဌာနချုပ်မှ ဗိုလ်ချုပ် Robert G. Catalanotti နှင့် ပူးတွဲ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။



အမေရိကန် နိုင်ငံမှ ပက်ထရီးရော့ ဒုံးခွင်းဒုံး လက်နက်စနစ် နှင့် F-16 တိုက်လေယာဉ် များအား လေ့ကျင့်ခန်း ပြုလုပ်ရာ ဒေသများတွင် တပ်ဖြန့်ချ ထားမည့် အစီအစဉ် ပါရှိသော်လည်း လေ့ကျင့်ခန်း ပြီးဆုံးပါက အဆိုပါ လက်နက်များ ဆက်လက် ထားရှိရန်မှာ နိုင်ငံရေး အရ တာဝန်ရှိ သူများက ဆုံးဖြတ် ပေးရန် လိုအပ်သည်ဟု Awni el- Edwan က ထပ်လောင်း ပြောကြား ခဲ့သည်။


ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်နေစဉ် ဗြိတိန် ၊ ဘာရိန်း ၊ ကနေဒါ ၊ ချက် ၊ အီဂျစ် ၊ ပြင်သစ် ၊ အီရတ် ၊ အီတလီ ၊ လက်ဘနွန် ၊ ပါကစ္စတန် ၊ ကာတာ ၊ တူရကီ ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု ၊ ဆော်ဒီအာရေးဗျ ၊ ယီမင် နှင့် အခြား နိုင်ငံများမှ တပ်ဖွဲ့ဝင် တို့က စစ်မြေပြင် တိုက်ခိုက်ရေး ၊ ထောက်ပံ့ ပို့ဆောင်ရေး နှင့် လူသားချင်း စာနာ ထောက်ထားမှု လေ့ကျင့်ခန်း များ ပြုလုပ် သွားကြမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger