www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, June 2, 2013

ခေမာရဋ္ဌ ဗျာဒိတ်တော်ပေး ရပ်တော်မူ ဘုရားကြီး ရွှေသင်္ကန်းကပ်လှူရာတွင် ပါဝင်လှူဒါန်းနိုင်


ကျိုင်းတုံ ၊ ၂-၆-၂၀၁၃

ရှမ်းပြည်နယ် ( အရှေ့ပိုင်း ) တစ်ခွင်လုံး နှင့် ကမ္ဘာသူ ကမ္ဘာသား ၊ နိုင်ငံသူ နိုင်ငံသား များအား ဗုဒ္ဓ သာသနာတော် ထွန်းကား ပြန့်ပွားစေခြင်း ၊ ငြိမ်းချမ်း သာယာ စေခြင်း ၊ စားနပ် ရိက္ခာ ပေါကြွယ်ဝ စေခြင်း စသော အတိတ် နိမိတ်ကောင်း များကို ဆောင်ကြဉ်း ပေးသော ကျိုင်းတုံမြို့ ၏ ကျက်သရေဆောင် ခေမာရဋ္ဌ ဗျာဒိတ်တော်ပေး ရပ်တော်မူ ဘုရားကြီး အား မြန်မာ သက္ကရာဇ် ၁၃၆၀ ပြည့်နှစ် ၊ တပို့တွဲ လပြည့်နေ့ တွင် ( ခြေဖ၀ါး တော်မှ ဦးခေါင်းတော် အထိ ) ဥာဏ်တော် အမြင့် ၆၇ ပေ ၊ ၆ လက်မ ၊ ကြာပလ္လင် အမြင့် ၇ ပေ ၊ ရှစ်ထောင့် ပန်းတင်ခုံ အမြင့် ၆ ပေ ၆ လက်မ ၊ အထက် ပစ္စယံ အမြင့် ၃ ပေ ၊ ရင်ပြင်တော် အမြင့်  ၆ ပေ ၊ နဖူး သင်းကျစ်တော် အလျား ၁၈ လက်မှ ဖြင့် ဘုရားကြီးအား ကျိုင်းတုံမြို့ ၏ ဗဟို အချက်အခြာ စွမ်ဆပ် ကုန်းတော်ကြီး တွင် တည်ထား ကိုးကွယ်ကာ စေတနာရှင် အလှူရှင် အပေါင်း တို့၏ ကုသိုလ်ကံ စေတနာ တို့ကြောင့် ၂၀၀၆ ခုနှစ် ၊ ၂၀၀၇ ခုနှစ် နှင့် ၂၀၀၈ ခုနှစ်များတွင် ရွှေသင်္ကန်းများ ကပ်လှူ ပြုပြင် ပူဇော် ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ယခု အချိန် အခါတွင် မြတ်ဗုဒ္ဓ၏ ထေရ၀ါဒ သာသနာ တော်မြတ်ကြီး အဓွန့်ရှည်ကြာစွာ နေလို လလို ကမ္ဘာအနှံ့ ထွန်းလင်း တောက်ပ စေရန် ၊ ဘေးအန္တရာယ် ရန်စွယ် ဟူသမျှကို ပိန်းကြာဖက် တွင် ရေမတင် သကဲ့သို့ ကင်းစင် လွှင့်ပျောက် စေရန် ၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမ အချင်းချင်း စည်းလုံး ညီညွတ်ပြီး ပြည်ထောင်စု စိတ်ဓာတ် ဖွံ့ဖြိုး တိုးတက် စေရန် ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ မြို့မှ အစပြုပြီး နိုင်ငံအ၀န်း တည်ငြိမ် အေးချမ်း စေရန် ရည်သန်လျှက် မြန်မာ သက္ကရာဇ် ၁၃၇၅ ခုနှစ် ၊ ၀ါဆို လပြည့်နေ ( တနင်္လာနေ့ ) ( ၂၂-၇-၂၀၁၃) နေ့တွင် ရွှေသင်္ကန်းများ ကပ်လှူ ပူဇော်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


သို့ပါသောကြောင့် အနယ်နယ် အရပ်ရပ် မှ ကုသိုလ်ရှင် ၊ စေတနာရှင် များအနေဖြင့် ခေမာရဋ္ဌ ဗျာဒိတ်တော်ပေး ရပ်တော်မူ ဘုရားကြီး ရွှေသင်္ကန်း ကပ်လှူပွဲတွင် ပါဝင်လှူဒါန်း နိုင်ရန် ဂေါပကအဖွဲ့ ဖုန်း ၀၈၄- ၂၂၄ ၉၃ သို့ ဆက်သွယ် လှူဒါန်း နိုင်ကြောင်း နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော် ထားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger