www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 5, 2013

စိုက်ပျိုးရေး လုပ်ငန်းသုံး ပိုးသတ်ဆေး နှင့် ဓာတ်မြေသြဇာများကို စစ်ဆေးမည်


ရန်ကုန် ၊ ၅-၆-၂၀၁၃

စိုက်ပျိုးရေး ဈေးကွက် အတွင်း ရောင်းချလျက် ရှိသော ပိုးသတ်ဆေး များနှင့် ဓာတ်မြေသြဇာ များကို စစ်ဆေး သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ စစ်ဆေးမှု တွင် တရားမ၀င် လမ်းကြောင်း မှ ၀င်ရောက် လာသည့် မှတ်ပုံတင် ထားခြင်း မရှိသော ပစ္စည်းများကို စစ်ဆေးခြင်း ဖြစ်ကြောင်း မြန်မာ့ စိုက်ပျိုးရေး လုပ်ငန်းမှ သိရသည်။

" မှတ်ပုံတင် ထားခြင်း မရှိတဲ့ လယ်ယာ လုပ်ငန်းသုံး သွင်းအားစု တွေ အားလုံးကို ဈေးကွက် အတွင်းမှာ စစ်ဆေးမှု ပြုလုပ် သွားပါမယ် ၊ အဓိက ကတော့ ပိုးသတ်ဆေး နဲ့ ဓာတ်မြေသြဇာ တွေပဲ ဖြစ်ပါတယ် ၊ တရားမ၀င် လမ်းကြောင်း ကနေ ၀င်လာတဲ့ ပိုးသတ်ဆေး နဲ့ ဓာတ်မြေ သြဇာ တံဆိပ်ပေါင်း ၁၀၀ ကျော်တယ်လို့ သိရပါတယ် .... " ဟု မြန်မာ့ စိုက်ပျိုးရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။


ယင်းကဲ့သို့ ဈေးကွက် အတွင်း စစ်ဆေးမှုကို မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်း (ယာယီ) ၊ ဓာတ်မြေ သြဇာ နှင့် ပိုးသတ်ဆေး အသင်း မြန်မာ့ စိုက်ပျိုးရေး လုပ်ငန်း တို့မှ ပူးတွဲ ဆောင်ရွက် သွားမည် ဖြစ်သည်။ ယင်း စစ်ဆေးမှု ကို ရန်ကုန်တိုင်း ဒေသကြီး ၊ ဧရာဝတီတိုင်း ဒေသကြီး ၊ မကွေးတိုင်း ဒေသကြီး နှင့် မန္တလေးတိုင်း ဒေသကြီး တို့တွင် ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger