www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 5, 2013

မွေးမြူရေး ပစ္စည်းဈေးကွက်တွင် တိရစ္ဆာန် အစားအစာ အရောအနှောများ ပေါ်နေ


ရန်ကုန် ၊ ၅-၆-၂၀၁၃

စိုက်ပျိုးရေး သုံးပစ္စည်း ဈေးကွက် အတွင်း ရောင်းချလျက် ရှိသော ဓာတ်မြေသြဇာ များမှာ အတုများ ပေါ်ပေါက် နေသကဲ့သို့ မွေးမြူရေး ပစ္စည်း ဈေးကွက် အတွင်းရှိ တိရစ္ဆာန် အစားအစာ များတွင်လည်း အရောအနှော များ ပေါ်ပေါက် နေကြောင်း မွေးမြူရေး လုပ်ငန်းရှင် များထံမှ သိရသည်။

လက်ရှိတွင် မွေးမြူရေး အစာ ကုန်ကြမ်း ဈေးနှုန်းများ တက်နေပြီး မွေးမြူရေး အစားအစာ များတွင် စပါးကြိတ်ခွဲ ရာမှ ထွက်သော ဖွဲ့များနှင့် ရောနှော ရောင်းချ ခြင်းများ ဖြစ်ပေါ် နေကြောင်း သိရသည်။

" ကျွန်တော် တို့မှာ စိုးရိမ်စိတ်က နှစ်နေရာ ဖြစ်နေရ ပါတယ် ၊ တရုတ် နယ်စပ် ကို ဖွဲနုတင်ပို့မှု မြင့်တက် လာတော့ မွေးမြူရေး အစာဈေးနှုန်း တွေ မြင့်တက် လာမှာကို စိုးရိမ် နေရသလို ကျွန်တော်တို့ သုံးနေတဲ့ ၀က်စာ ဖွဲနုတွေ ထဲမှာ စပါးခွံ ကြိုတ်ရာက ထွက်လာတဲ့ ဖွဲကြမ်းတွေ ရောနှော ထည့်ထားတာ လည်း ခံနေရတယ် ... " ဟု ရန်ကုန်တိုင်း ဒေသကြီး ၊ ရွှေပြည်သာ မြို့နယ်မှ မွေးမြူရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြား ခဲ့သည်။


စပါးခွံ ကြိတ်ခွဲရာတွင် နွားစာဖွဲ ၊ ၀က်စာဖွဲ နှင့် ရောနှောရန် အကြမ်း ကြိမ်ခွဲခြင်း ၊ ဖွဲ့နု နှင့် ရောစပ်ရန် အနုဆုံး အမှုန့်ဆုံး ကြိတ်ခွဲ၍ ဖွဲကြမ်း ၊ ဖွဲနုများ နှင့် ရောနှော၍ ဈေးကွက် အတွင်း တင်သွင်းမှုများ ရှိနေကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger