www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 10, 2013

မီးအားမြှင့်စက်မီး အိမ် ၆ လုံးမီးလောင်ကျွမ်း




မန္တလေး ၊ ၁၀-၆-၂၀၁၃

ယနေ့ နံနက် ၈ နာရီ ၅ မိနစ်မှ ၈ နာရီ ၄၀ မိနစ်ခန့် အထိ မန္တလေးမြို့ ၊ ပြည်ကြီး တံခွန်မြို့နယ် ၊ တံခွန်တိုင် ရေသန့် ရပ်ကွက် ၊ အိမ်အမှတ် ၃၉/ခ ရှိ ပြည်သူ့ ဒီမိုကရေစီ ပါတီဗဟို ဌာနချုပ်ရုံး ဒေါက်တာ သန်းထိုက်ဦး နှင့် ဒေါ်ခင်မာချို တို့၏ နေအိမ်မှ မီးအားမြှင့်စက် အပူရှိန် လွန်ကဲ၍ မီးလောင်မှု ဖြစ်ပွားခဲ့ရာ အနီးဝန်းကျင်ရှိ လူနေအိမ် များကိုပါ ကူးစက် လောင်ကျွမ်းမှု ဖြစ်ပွား ခဲ့သည်။ မီးလောင်မှု ဖြစ်ပွားရာသို့ မီးသတ်ကား ၅၃ စီး ရောက်ရှိ ငြိမ်းသတ် ခဲ့ကြပြီး လူနေအိမ် ၆ လုံး လောင်ကျွမ်းခဲ့ကြောင်း နှင့် မီးလောင် ဆုံးရှုံးမှု တန်ဖိုးမှာ ငွေကျပ် ၁၂၇၀၇၅၀ ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger