www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 4, 2013

ဖိလစ်ပိုင် နှင့် အမေရိကန် နိုင်ငံတို့အကြား ပြုလုပ်သည့် Balikatan 2013 သဘာဝဘေးဆိုင်ရာ ပူးတွဲ လေ့ကျင့်မှု




၎-၄-၂၀၁၃

ဖိလစ်ပိုင် နှင့် အမေရိကန် နိုင်ငံတို့ အနေဖြင့် ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း ဒေသတွင် ဧပြီလ ၅ ရက်နေ့မှ ၁၇ ရက်နေ့ အထိ ရက်သတ္တ ၂ ပတ်ကြာ ပြုလုပ်မည့် Balikatan 2013 ပူးတွဲ စစ်ရေး လေ့ကျင့်ခန်းတွင် စစ်သုံး လေယာဉ် အစင်း ၃၀ နှင့် စစ်သင်္ဘော ၃ စီးတို့ ပါဝင် လေ့ကျင့် သွားမည် ဖြစ်ကြောင်း ဖိလစ်ပိုင် စစ်ဘက် ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Arnulfo Burgos က ဧပြီလ ၃ ရက်နေ့တွင် ထုတ်ဖော် ပြောကြား ခဲ့သည်ဟု ဆင်ဟွာ သတင်းတစ်ပုဒ် အရ သိရသည်။

အဆိုပါ ပါဝင်မည့် စစ်သုံးလေယာဉ် အစင်း ၃၀ အနက် ၂၀ စင်းမှာ အမေရိကန် မှဖြစ်ပြီး ၄င်းတို့ အနေဖြင့် လေ့ကျင့်ခန်း တွင် ပါဝင် ဆောင်ရွက်မည့် ဖိလစ်ပိုင် နှင့် အမေရိကန် တပ်ဖွဲ့ဝင် ၈၀၀၀ ကျော်ကို ထောက်ပံ့ ကူညီ ပေးသွားမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး Burgos က ပြောကြား ခဲ့သည်။ အဆိုပါ လေယာဉ် များသည် ဖိလစ်ပိုင် နှင့် အမေရိကန် တပ်ဖွဲ့ဝင် များ၏ လူသားချင်း စာနာ ထောက်ထားမှု နှင့် သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး ဆိုင်ရာ ပူးတွဲ လေ့ကျင့်ခန်း များကို အထောက်အကူ ပေးသည့် အနေဖြင့် ပါဝင် လေ့ကျင့် သွားမည် ဖြစ်ကြောင်း နှင့် ဖိလစ်ပိုင် နှင့် အမေရိကန် တပ်ဖွဲ့ဝင်များ အတွက် လေကြောင်း ဆိုင်ရာ အုပ်ချုပ် ထောက်ပံ့မှု များကို ပံ့ပိုး သွားမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြား သွားသည်။ ယခုနှစ် ပြုလုပ်မည့် Balikatan 2013 စစ်ရေး လေ့ကျင့်ခန်း ကို သဘာဝ ဘေးများ ကိုယ်တွယ် ဖြေရှင်းရေး ကဏ္ဍရပ် အပေါ် အဓိကထား လေ့ကျင့်ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger