www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 6, 2013

နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်း ဖွင့်လှစ်လျက်ရှိ



မြိတ် ၊ ၆-၃-၂၀၁၃

တနင်္သာရီတိုင်း ဒေသကြီး ၊ မြိတ်မြိုက ၊ ရွှေပေးကျေးရွာ ရတနာ့ဂုဏ်ရည် ဓမ္မရိပ်သာ၌ ပဉ္စမ အကြိမ်မြောက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်း ဖွင့်လှစ်လျက် ရှိရာ ရတနာ့ ဂုဏ်ရည် ဓမ္မရိပ်သာ ကျောင်းတိုက် ဆရာတော် ဓမ္မ ကထိက ဗဟုဇန ဟိတဓရ ဘဒ္ဒန္တ တေဇောနန္ဒ က ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းသို့ တက်ရောက် လာသော ကျောင်းသား ကျောင်းသူ များကို ရှင်သာမဏေ နှင့် သီလရှင် ၀တ်စေပြီး ယဉ်ကျေး လိမ္မာ သင်ခန်းစာများ သင်ကြား ပေးလျက် ရှိကြောင်း သိရသည်။ အဆိုပါ သင်တန်းတွင် မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက ရှင်သာမဏေ ၁၁၇ ပါး နှင့် သီလရှင် စာသင်သား ၁၃၀ ပါးတို့သည် ဗုဒ္ဓယဉ်ကျေးမှု များကို စာတွေ့ လက်တွေ့ သင်ကြား လျက်ရှိကြောင်း သိရသည်။

အဆိုပါ နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်း ဖြစ်မြောက်ရေး အတွက် သာသနာပြု ကုသိုလ်တော် အလှူရှင် မြိတ်မြို့ ၊ တလိုင်းစု ရပ်ကွက် ၊ ပုလဲလမ်း ၊ အမှတ်(၈) နေ ဒေါ်အိမ်လွမ် မိသားစု ၊ နေလစတိုး နှင့် တော်ဝင်ဆောင်း ကုန်မာဆိုင် တို့က လှူဒါန်း ပြုလုပ်ခြင်း ဖြစ်ပြီး သင်တန်းကို မတ်လ ၁၃ ရက်နေ့ အထိ ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger