www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 7, 2013

အရေးပေါ်သုံး မြန်မာ့တိုင်းရင်းဆေး သေတ္တာဖြန့်ဝေ ပေးအပ်



ကျိုင်းတုံ ၊ ၇-၃-၂၀၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမတွင် မတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် အရေးပေါ်သုံး မြန်မာ့ တိုင်းရင်းဆေး သေတ္တာ ဖြန့်ဝေ ပေးအပ်ခြင်း အခမ်းအနား အား ကျင်းပ ပြုလုပ်ခဲ့ရာ ကျိုင်းတုံ ခရိုင် အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိ သူများ ၊ ခရိုင် / မြို့နယ် တိုင်းရင်းဆေး ကြီးကြပ်မှု ကော်မတီ ၀င်များ ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ ၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းဝင်များ ၊ တိုင်းရင်းဆေး များအား စိတ်ပါ ၀င်စားသူ ရပ်မိ ရပ်ဖများ တက်ရောက် ကြကြောင်း သိရသည်။

အခမ်းအနား တွင် ကျိုင်းတုံ ခရိုင် အုပ်ချုပ်ရေးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးခင်ဝင်း မှ အဖွင့် အမှာစကား ပြောကြားပြီး တိုင်းရင်းဆေး သေတ္တာများ ပေးအပ်ပွဲ အား ဆက်လက် ကျင်းပရာ ခရိုင် အုပ်ချုပ်ရေးမှူး ၊ ခရိုင် တိုင်းရင်း ဆေးကုဌာန ၊ ခရိုင် တိုင်းရင်းဆေးမှူး ဒေါ်စုစုခိုင်မြတ် ၊ ကျိုင်းတုံ ခရိုင် မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်ရင်သိန်း နှင့် တာဝန်ရှိ သူများမှ ကျေးရွာများ အလိုက် အရေးပေါ်သုံး တိုင်းရင်း ဆေးသေတ္တာ များအား အသီးသီး ပေးအပ်ရာ တာဝန်ရှိ သူများမှ လက်ခံ ရယူ ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger