www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 18, 2013

လေးကျွန်းဆီမီး စေတီတော်ကြီး ဗုဒ္ဓပူစရိယ တပေါင်းပွဲတော် ကျင်းပမည်



မြိတ် ၊ ၁၈-၃-၂၀၁၃

တနင်္သာရီ တိုင်းဒေသကြီး ၊ မြိတ်မြို့ရှိ မြို့ကျက်သရေ ဆောင် လေးကျွန်း ဆီမီး သိမ်တော်ကြီး ဗုဒ္ဓပူစရိယ တပေါင်းပွဲတော်ကို လာမည့် မတ်လ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့ အထိ ၇ ရက်တိုင်တိုင် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗုဒ္ဓပူစရိယ တပေါင်းပွဲတော် ဖွင့်ပွဲ အခမ်းအနား ကို မတ်လ ၂၁ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် ဗုဒ္ဓ သာသနာ့ ဗိမာန်တော်၌ ကျင်းပမည် ဖြစ်ပြီး ရွှေစင် ရွှေပြား ရွှေဆိုင်း အလှူတော် ရေစက်ချ မင်္ဂလာ အခမ်းအနား ကို (၁၃၇၄ ခုနှစ် ၊ တပေါင်း လပြည့်နေ့ ) မတ်လ ၂၆ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် ဆီမီးငါးသောင်း ပူဇော်ပွဲ အခမ်းအနား ကို ထိုနေ့ည ၆ နာရီမှ ၉ နာရီ အချိန်ထိ လည်းကောင်း ၊ ဗုဒ္ဓါ ဘိသေက မင်္ဂလာ အနေကဇာတင် အခမ်းအနားကို မတ်လ ၂၇ ရက်နေ့ နံနက် ၅ နာရီ အချိန်တွင် ကျင်းပမည် ဖြစ်ပြီး ထိုနေ့ညနေ ၄ နာရီတွင် သြ၀ါဒ စရိယ ဆရာတော်ကြီး ၇ ပါးအား အမှူးထား၍ ဆရာတော် ကြီးများ အပါအ၀င် သံဃာတော် များနှင့် သီလရှင် စုစုပေါင်း ၁၁၅ ပါးတို့အား ဆွမ်းခံတော် လောင်းလှူပွဲ အခမ်းအနား ကို ဆက်လက် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger