www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 18, 2013

ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင်တိုက်မိ၍ လူ ၂ ဦး ပွဲချင်းပြီး သေဆုံး



မော်လမြိုင် ၊ ၁၈-၃-၂၀၁၃

မွန်ပြည်နယ် ၊ ကျိုက်မရော မြို့နယ် ၊ ရေတွင်းကုန်း ကျေးရွာ ၊ မိုင်တိုင် အမှတ် (၁၀/၁) နှင့် (၁၀/၂) အကြားတွင် မတ်လ ၁၆ ရက်နေ့ နံနက် ၇ နာရီ အချိန်ခန့်က ကျိုက်မရော မြို့နယ် ၊ ရေတွင်းကုန်း ကျေးရွာ မော်လမြိုင် - ကျိုက်မရော ကားလမ်းတွင် မော်လမြိုင် ဘက်မှ ကျိုက်မရော မြို့သို့ အမျိုးသား တစ်ဦး မောင်းနှင်ပြီး နောက်မှ အမျိုးသမီး တစ်ဦး လိုက်ပါ စီးနင်း လာသော ၂၈ယ/၈၈၃၅၂ Alpha Wave 100 အမျိုးအစား အဖြူရောင် ဆိုင်ကယ် နှင့် ကျိုက်မရော ဘက်မှ မော်လမြိုင် ဘက်သို့ ယာဉ်မောင်း ဦးမဲရောင် မောင်းနှင်ပြီး နောက်မှ ဦးကျော်လွင် လိုက်ပါ စီးနင်း လာသော ၅ယ/ ၇၁၉၄၇ Honda Dream 125 အမျိုးအစား အစိမ်းရောင် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ပြီး ၂၈ယ/ ၈၈၃၅၂ ဆိုင်ကယ်အား မောင်းနှင်သူ အမျိုးသား နှင့် နောက်ပါ အမျိုးသမီး တို့ အခင်း ဖြစ်ပွားရာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၅ယ/ ၇၁၉၄၇ ဆိုင်ကယ် နောက်မှ လိုက်ပါသူ ဥိးကျော်လွင်မှာ ယာလက်ခုံ ပွန်းပဲ့ ဒဏ်ရာ ၊ ၀ဲပါး ပွန်းပဲ့ ဒဏ်ရာ ၊ ၀ဲ/ယာ ဒူး ပွန်းပဲ့ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ သဖြင့် ဆိုင်ကယ်အား မဆင်မခြင် မောင်းနှင်သူ ဦးမဲရောင် နှင့် အမည်မသိ အမျိုးသား (သေဆုံး) တို့အား ကျိုက်မရော ရဲစခန်းမှ (ပ) သတင်းချက် အမှတ် ၊ ၅/၂၀၁၃ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၄(က) ၊ ၃၃၇ ၊ ၃၃၈ အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger