www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 4, 2013

မြစ်ကြီးနား တက္ကသိုလ် ၏ ခါကာဘို နှင့် ဆွမ်ဘရာဘွမ် အဆောင်သစ် ဖွင့်ပွဲကျင်းပ



မြစ်ကြီးနား ၊ ၄-၃-၂၀၁၃

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ ၊ မြစ်ကြီးနား တက္ကသိုလ် ၏ ခါကာဘို (အမျိုးသား) ဘော်ဒါဆောင် နှင့် ဆွမ်ပရာဘွမ် (အမျိုးသမီး) ဘော်ဒါဆောင် ဖွင့်ပွဲကို မတ်လ ၂ ရက်နေ့ ညနေ ၅ နာရီက ဆွမ်ပရာဘွမ် ဆောင်ရှေ့ မြက်ခင်းပြင် ၌ ကျင်းပ ပြုလုပ်ရာ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း တက်ရောက်ကာ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်နယ် ၀န်ကြီးချုပ် နှင့် တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာ အေးကို တို့မှ အဆောင်နေ ကျောင်းသား ကျောင်းသူ များအား သြ၀ါဒ အမှာစကား များ ပြောကြား ခဲ့ပြီး အဆောင်နေ ကျောင်းသား ကျောင်းသူ များကိုယ်စား ကျောင်းသား ကျောင်းသူ တစ်ဦးစီက ကျေးဇူးတင် စကားများ ပြန်လည် ပြောကြား ခဲ့သည်။

ဆက်လက်၍ အလှူရှင် များအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပွဲကို ကျင်းပရာ ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း နှင့် တာဝန်ရှိ သူများက မြန်မာ မိတ်ကာဟုမ်း ဆောက်လုပ်ရေး ကုမ္ပဏီ ၊ ဇေယျာမင်း စက်သုံးဆီ အရောင်းဆိုင် နှင့် တစ်ဦးချင်း အလှူရှင် များသို့ ကျေးဇူးတင် ဂုဏ်ပြု မှတ်တမ်းလွှာ များ ပေးအပ်ပြီး ညစာ စားသုံးစဉ် အတွင်း ကျောင်းသား ကျောင်းသူ လေးများ၏ တိုင်းရင်းသား ရိုးရာ အက ပဒေသများဖြင့် ဧည့်ခံကာ အခမ်းအနားကို ည ၇ နာရီ အချိန်တွင် ရုပ်သိမ်း ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger