www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 13, 2013

အီဂျစ် နှင့် အမေရိကန် နိုင်ငံတို့သည် Bright Star ပုံမှန်စစ်ရေး လေ့ကျင့်ခန်းပြုလုပ်ရေး အတွက် ဆွေးနွေးခဲ့ကြခြင်း


Bright Star ( US-Egypt Military Exercises )
၁၃-၂-၂၀၁၃

အီဂျစ် ကာကွယ်ရေး ၀န်ကြီး Abdel Fattah al-Sisi နှင့် အမေရိကန် အလယ်ပိုင်း ကွပ်ကဲမှု ဌာနချုပ် အကြီးအကဲ James Mattis တို့သည် နှစ်နိုင်ငံ အကြား စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက် မှုများ လုပ်ဆောင် သွားရေး အတွက် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ကြကြောင်း NEWS now သတင်း တစ်ပုဒ် အရ သိရသည်။

အဆိုပါ အစည်းအဝေး သို့ အီဂျစ် စစ်ဘက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ အီဂျစ် စစ်ဦးစီးချုပ် Sedqi Sobhy ၊ အီဂျစ်နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး anne Patterson နှင့် Mattis ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ တို့လည်း တက်ရောက် ခဲ့ကြသည်။ ၄င်းတို့သည် မကြာမီ အီဂျစ် နိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် နှစ်နိုင်ငံ ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း တစ်ရပ် ဖြစ်သည့် Bright Star ( US-Egypt Military Exercises ) စစ်ရေး လေ့ကျင့်ခန်း နှင့် ပတ်သက်၍ အလေးထား ဆွေးနွေးခဲ့ ကြသည်။




လက်ရှိအချိန်၌ အီဂျစ်နိုင်ငံတွင် နိုင်ငံရေး မတည်မငြိမ် မှုများ ဖြစ်ပေါ်လျက် ရှိသော်လည်း စစ်ရေး လေ့ကျင့်ခန်း အား သတ်မှတ် ထားသော အစီအစဉ် အတိုင်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း အီဂျစ် စစ်ဘက် ပြောရေး ဆိုခွင့်ရှိသူ အာမက် မိုဟာမက် အလီ က ပြောကြားခဲ့သည်။ အီဂျစ် စစ်ဘက် အနေဖြင့် စစ်သည် တစ်ဦးချင်း စီ၏ နည်းပညာ ဆိုင်ရာ ကဏ္ဍရပ် များ၌ စွမ်းဆောင်ရည်များ ဖွံ့ဖြိုး တိုးတက် လာစေရေး အတွက် မိတ်ဖက် နိုင်ငံများနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း များအား ပိုမို လုပ်ဆောင်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger