www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 4, 2013

မြစ်ကြီးနား တက္ကသိုလ် သုံးထပ် စာသင်ဆောင် ၂ ဆောင် ဆောက်လုပ်မှု ၉၀ ရာခိုင်နှုန်းပြီးစီး




မြစ်ကြီးနား ၊ ၄-၂-၂၀၁၃

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ မြစ်ကြီးနား တက္ကသိုလ် ရှိ တိုးချဲ့ သုံးထပ် စာသင်ဆောင်ကြီး ၂ ဆောင် ဆောက်လုပ်မှု များမှာ ၉၀ ရာခိုင်နှုန်း ပြီးစီး နေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာသင်ဆောင် ၂ ဆောင်ကို ၂၀၁၂ ခုနှစ် ၊ သြဂုတ်လ ၁၂ ရက်နေ့က ပန္နက်တင် မင်္ဂလာ အခမ်းအနား ပြုလုပ်ကာ အလျား ၁၉၂ ပေ ၊ အနံ ၃၈ ပေ ၊ အမြင့် ၃၆ ပေရှိ သုံးထပ် စာသင်ဆောင် ၂ ဆောင်ကို တာဝန်ခံ အင်ဂျင်နီယာ ဦးဇော်မိုးအောင် နှင့် အင်ဂျင်နီယာ ၄ ဦးက နေ့စဉ် လုပ်သား ၂၀၀ ကျော်ဖြင့် သတ်မှတ်ကာလ အတွင်း သတ်မှတ် စံချိန် စံညွှန်း ပြည့်ဝစွာဖြင့် တည်ဆောက် နေခြင်း ဖြစ်သည်။ အဆိုပါ စာသင်ဆောင် သစ်ကြီး ၂ ဆောင်ကို ပညာရေး ၀န်ကြီးဌာန၏ ခွင့်ပြုငွေ ကျပ်သိန်း ၁၁၀၀ အကုန်အကျခံ တည်ဆောက်ကာ စာသင်ဆောင် ကြီးပြီးစီး ပါက စာသင်ခန်း တစ်ခန်းလျှင် ကျောင်းသား ၁၂၀ ဦးဆံ့ အခန်း ပေါင်း ၂၄ ခန်း တွင် ကျောင်းသား ၂၈၀၀ ကျော် ပညာ သင်ကြား နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger