www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 4, 2013

မြတ်ပါရမီ မှ နွေရာသီ အခမဲ့ ပညာဒါန ဖြန့်ဝေမည်



မြစ်ကြီးနား ၊ ၄-၂-၂၀၁၃

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့သစ်ကြီးကွက် ရပ်ကွက်ရှိ မြတ်ပါရမီ ဘော်ဒါ နှင့် ဘာသာစုံ အထူး သင်တန်းမှ နွေရာသီ ကျောင်းပိတ်ရက် များအတွင်း ကျောင်းသား လူငယ် များအား အခမဲ့ ပညာဒါန ဖြန့်ဝေ ပေးမည် ဖြစ်ကြောင်း သိရသည်။

နွေရာသီ ကျောင်းပိတ်ရက် များအတွင်း ကျောင်းသား - ကျောင်းသူ များအချိန်ကို အကျိုးရှိရှိ အသုံးချ နိုင်စေရန် ရည်ရွယ်၍ အမှန်တကယ် ပညာရှာမှီး လိုသည့် ကျောင်းသား - ကျောင်းသူ များအား စေတနာ အမှန်ဖြင့် ပညာဒါန မျိုးစေ့ကို အခမဲ့ သင်ကြား ပေးမည် ဖြစ်ကြောင်း ၊ နယ်မှ ကျောင်းသား - ကျောင်းသူ များသည်လည်း စိတ်ပါဝင်စား မှုရှိပါက မိမိ အစီအစဉ်ဖြင့် တက်ရောက် နိုင်ကြောင်း မြတ်ပါရမီ ဘော်ဒါ တာဝန်ခံ ဆရာက ပြောကြားပြီး သင်တန်းသား အကန့် အသတ်မရှိ ပဉ္စမတန်း မှ တက္ကသိုလ် ၀င်တန်း အထိ လာမည့် မတ်လ ၁ ရက်နေ့ စတင်ကာ မေလကုန် အထိ သင်ကြား ပေးမည် ဖြစ်ပြီး အသေးစိတ် သိရှိ လိုပါက ဖုန်း ၀၉- ၄၃၀၂၂၆၈၁ ၊ ၀၉- ၄၀၀၀ ၆၀၃၅၀ ၊ ၀၉- ၄၇၀၃ ၅၈၅၀ များသို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger